Mon history

expand all
collapse all

Websites/Multiple Documents

Description: Pre-Colonial ... Colonial ... Post-Colonial ... Dvaravati ... Mon Kingdom ... Haripunjaya ...
Source/publisher: Euro- Mon Community
Date of entry/update: 2010-11-14
Grouping: Websites/Multiple Documents
Category: Mon history
Language: English
more
expand all
collapse all

Individual Documents

Description: "၁။ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၃၁ ရက်) သည် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် လက်နက်ကိုင်တိုက်ပွဲ ဝင်ခဲ့သော မွန်အမျိုးသားတို့၏ (၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ၂။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်တွင် မွန်တိုင်းရင်းသားများနေထိုင်ရာ သီးခြားပြည်နယ် သတ်မှတ်ဖော်ထုတ်ပေးရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး စသော ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် ဇာသပြင်ကျေးရွာတွင် မွန်မျိုးချစ်လူငယ် (၂၇) ဦးမှ ဦးဆောင်၍ "ခေတ်သစ်မွန်လက်နက်ကိုင်တပ်"ကို စတင်တည်ထောင်ခဲ့သည့် အချိန်ဖြစ် - မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ နံနက် (၀၆:၃၀)အချိန်အား " မွန်တော် လှန်ရေးနေ့" အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါသည်။ ၃။လွတ်လပ်ရေးအပြီး ခေတ်အဆက်ဆက် ဗိုလ်ကျအုပ်ချုပ်ခဲ့ကြသူများအား ခေါင်းငုံ့မခံ ဘဲ ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် မျိုးဆက် အဆက်ဆက် မဆုတ်မနစ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့၏ သမိုင်းမှာ ဂုဏ်ယူ ဖွယ်ကောင်းလှပါသည်။ ၄။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မင်းအောင်လှိုင် ဦးဆောင် သည့် အကြမ်းဖက်စစ်တပ်က အာဏာလုယူယူရန်ကြိုးစားမှုသည် မွန်လူမျိုးများအပါအဝင်တိုင်းရင်းသားအားလုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် ရေးကို ပေါ်ပေါ်ထင်ထင် နှောင့်ယှက်ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤမတရားမှုကြီး အား လက်သင့်မခံဘဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နိုင်ငံအနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်နေကြသည့် နွေဦးတော်လှန်ရေးကြီးတွင် မွန်လူမျိုးများအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်နေကြသည်ကို လေးစားဖွယ် တွေ့မြင်ရပါသည်။ ၅။ သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော (၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် ကျဆုံး လေပြီးသော မွန်အာဇာနည်ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက် ပေးလှူသွားကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့၏ တော်လှန်သစ္စာကို အောက်မေ့သတိ ရရင်း အကြမ်းဖက်စစ်အာဏာရှင် အမြန်ဆုံးပြုတ်ကျစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ် ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မွန်အမျိုး သားများအပါအဝင် တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းကာ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝအောင်မြင်အောင် လက်တွဲဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း လေးနက်စွာ ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
Source/publisher: National Unity Government of Myanmar
2023-08-31
Date of entry/update: 2023-08-31
Grouping: Individual Documents
Language:
Format : pdf
Size: 250.63 KB
more
Description: "ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် မွန်အမျိုးသား ညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်မျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကို ထူထောင်ခဲ့သည်။ ယင်းနေ့ ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့် ပထမထောင်စုနှစ် ကာလကတည်း ကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သော သမိုင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာ တည်ရှိနေခဲ့ ခြင်းကို အသိအမှတ်ပြု မှတ်တမ်းတင် ဖော်ပြခြင်းပင်ဖြစ်သည်။ ရာမညဒေသဟု အမည်တွင်သည့် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မွန်လူမျိုးတို့သည် ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်များ တည်ဆောက် ခြင်း၊ မြို့ပြရပ်ရွာများ ထူထောင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ် ဖောက်ကား ခြင်းများ ရှိခဲ့သည်သာမက အရှေ့တောင်အာရှဒေသတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေး အတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် အထင်အရှားတွေ့ရှိရပေ သည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝကျင့်သုံးခဲ့ကြသည့် မွန်လူမျိုးတို့သည် ဗြိတိသျှကိုလိုနီလက်အောက်သို့ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ရောက်ရှိခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနည်းတူ ဗြိတိသျှနှင့် ဂျပန်တို့အား ဆန့်ကျင် တော်လှန်ရာတွင် တက်ကြွစွာပါဝင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ဖဆပလခေါင်းဆောင်များထံ မွန်ပြည်နယ်သတ်မှတ်ပေးရန် အရေးဆိုသည့်အခါ ဖဆပလခေါင်းဆောင် များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ကြသည်။ မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ခိုင်မာပြတ်သားသော ရပ်တည်ချက်များဖြင့် ပါဝင်ဆောင် ရွက်ခဲ့ကြသည်။ ထို့အတူ ခေတ်အဆက်ဆက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသား ညီအစ်ကို၊မောင်နှမများနှင့်အတူ လက်တွဲကာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျုးလွန်နေသော ကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းဖြင့် ခုခံတော်လှန်နေကြချိန်ဖြစ်သည်။ ထိုကဲ့သို့သော အချိန်အခါတွင် မွန်အမျိုးသားနိုင်ငံရေးအင်အားစုများသည် အခြားသော တိုင်းရင်းသား ပြည်သူများ နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တန်းတူ ညီမျှမှုရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေး အတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ယနေ့ကျရောက်သော မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း(၇၀)ကျော် အသက်သွေး ချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော် လှန်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူ ပြည်သားများ၊ မွန်အမျိုးသမီးများ၊ မွန်လူငယ်များ၊ မွန်ကျောင်းသား ကျောင်းသူများအား အထူးပင် လေးစားဂုဏ်ပြု ပါကြောင်းနှင့် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
Source/publisher: National Unity Government of Myanmar
2023-02-04
Date of entry/update: 2023-02-05
Grouping: Individual Documents
Language:
Format : pdf
Size: 555.67 KB
more
Description: "၁။ ထူးခြားလှသောသမိုင်းအစဥ်အလာနှင့် ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားသည့် သွေးချင်း မွန်တိုင်းရင်းသားများသည် အေဒီ ၅ ရာစုနှောင်းပိုင်းတွင် ဟံသာဝတီနိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည့်နေ့ရက်ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်၍ ၁၉၄၇ ခုနှစ်မှစတင်ကာ ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၆)နှစ်မြောက်တိုင်ခဲ့ပြီဖြစ်သည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဦးစွာပဏာမ ဖော်ပြအပ်ပါသည်။ ၂။ ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတိုက်ပွဲတိုင်း၌ တက်ကြွစွာ ပါဝင်ခဲ့ကြသော မွန်တိုင်းရင်းသားခေါင်းဆောင်များနှင့် မွန်အာဇာနည်သူရဲကောင်းများ အားလုံးအား ဂုဏ်ယူလေးစားရပါကြောင်းနှင့် မိမိတို့ပြည်သူများ၏ နွေဦးတော်လှန်ရေးခရီးလမ်းသည် တူညီ ခိုင်မာသောယုံကြည်ချက်များဖြင့် မဝေးသော အနာဂတ်တွင် အောင်ပွဲပန်းတိုင်ဆီသို့ နီးနီးကပ်ကပ် ချဉ်းကပ်ရောက်ရှိလျက်ရှိ‌‌နေပါကြောင်း သတင်းစကားကို အသိပေး ဖော်ညွှန်းအပ်ပါသည်။ ၃။ မွန်တိုင်းရင်းသားအားလုံး၏ မင်္ဂလာရှိသော ဤနေ့ထူးနေ့မြတ်အခါသမယတွင် မွန် တိုင်းရင်းသားများနှင့်အတူ ပြည်သူအားလုံးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအပြီးသတ်‌ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆီသို့ မျှော်ရည်မှန်းကာ တွဲလက်ညီညီ ခွန်အားအပြည့်ဖြင့် ကြိုးစားပါဝင်အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2023-02-05
Date of entry/update: 2023-02-05
Grouping: Individual Documents
Language:
Format : pdf
Size: 162.66 KB
more
Description: "၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ (ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင် လပြည့်နေ့) တွင်ကျရောက်သည့် (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့အခါသမယတွင် မွန်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ ကပ်ကြီး ၃ ပါးကျော်လွှားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၂။ ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်တွင် မွန်တိုင်းရင်းသားတို့သည် မိမိတို့ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ တန်းတူအခွင့်အရေး၊ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုအာမခံသည့် ခိုင်မာသော ဖက်ဒရယ်နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ရာတွင် မွန်တော်လှန်ရေးခေါင်းဆောင်များ ဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းဦးဆောင်သော မွန်မျိုးချစ်လူငယ် (၂၇) ဦးတို့က ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ (၁၉-၈-၁၉၄၈) ရက်နေ့၊ နံနက် (၆း၃၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှ စတင်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြ သည်မှာ ယနေ့တွင် (၇၅) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၃။ မိမိတို့နိုင်ငံကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရအောင်ကြိုးပမ်း စဉ်ကလည်း မွန်တိုင်းရင်းသားများက ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြပါသည်။ ယခုနွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ်အာဏာ ရှင်တို့က ပြည်သူလူထုအားတရားဥပဒေမဲ့သတ်ဖြတ်ကာ အာဏာလုယူနိုင်ရေးကြိုးပမ်းမှုအား ညီနောင်ပြည်ထောင်စုတိုင်းရင်းသားများနှင့် မွန်တိုင်းရင်းသားများကလည်း ရဲဝင့်စွာလက်တွဲ ကြိုးပမ်းဆောင်ရွက်နေကြသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ၄။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးသည် မိမိတို့၏နိုင်ငံရေး ဘုံရည်မှန်းချက်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ပြည့်ဝသည့် ပြည်ထောင်စုကြီးကိုကြိုးပမ်းတည်ဆောက်သွားရန် မိမိတို့အားလုံးက ညီညွတ်စွာ အကောင်အထည်ဖော်သွားရမည်ဖြစ်ပါသည်။ လက်ရှိတော်လှန်ရေး အောင်မြင်ရေး၊ ကြားကာလတည်ဆောက်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတို့တွင် မိမိတို့တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုအားလုံးက မတူကွဲပြားသည့်သဘောထား အမြင်များကိုပေါင်းစည်းကာ သာလွန်အင်အားအဖြစ် ပေါင်းစည်းဆောင်ရွက်သွားကြရန် အထူး အရေးကြီးပါသည်။ ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအားပေးပို့ အပ်ပါသည်။..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2022-08-11
Date of entry/update: 2022-08-11
Grouping: Individual Documents
Language:
Format : pdf
Size: 286.6 KB
more
Description: "ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားနေ့ သမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။ ဗုဒ္ဓသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် မွန်အမျိုးသားညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်အမျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကိုထူထောင်ခဲ့သည်။ ယင်းနေ့ကို မွန်အမျိုးသားနေ့ အဖြစ်သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့်ပထမထောင်စုနှစ်ကာလကတည်းကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သောသမိုင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာတည်ရှိခဲ့ခြင်းကို အသိအမှတ်ပြု မှတ်တမ်းတင်ဖော်ပြခြင်းပင်ဖြစ်သည်။ ရာမညဒေသဟုအမည်တွင်သည့် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် မွန်လူမျိုး တို့သည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်များတည်ဆောက်ခြင်း၊ မြို့ပြရပ်ရွာများ ထူထောင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကားခြင်းများ ရှိခဲ့သည်သာမက အရှေ့တောင်အာရှ ဒေသတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်း များ၌ အထင်အရှားတွေ့ရှိရပေသည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝကျင့်သုံးခဲ့ကြသည့် မွန်လူမျိုးတို့သည် ဗြိတိသျှကိုလိုနီလက်အောက်သို့ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ရောက်ရှိခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ဗြိတိသျှနှင့် ဂျပန်တို့အား ဆန့်ကျင်တော်လှန်ရာတွင်တက်ကြွစွာပါဝင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ဖဆပလခေါင်းဆောင်များထံ မွန်ပြည်နယ်သတ်မှတ်ပေးရန် အရေးဆိုသည့်အခါ ဖဆပလ ခေါင်းဆောင်များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာဆောင်ရွက်ခဲ့ကြသည်။ မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားသောရပ်တည်မှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ခေတ်အဆက်ဆက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်။ ထိုကဲ့သို့သောအချိန်အခါတွင် မွန်အမျိုးသားနိုင်ငံရေးအင်အားစုများသည် အခြားသောတိုင်းရင်းသား ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်းဖြင့် စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူ့ဘဝ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ တန်းတူညီမျှရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။ ယနေ့ကျရောက်သည့် မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူများ၊ မွန်လူငယ်များ၊ မွန်အမျိုးသမီးများ၊ မွန်ကျောင်းသားများအား အထူးပင် ဦးညွတ်ဂုဏ်ပြုပါကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
Source/publisher: National Unity Government of Myanmar
2022-02-16
Date of entry/update: 2022-02-19
Grouping: Individual Documents
Language:
Format : pdf
Size: 432.38 KB
more
Description: "၁။ မွန်တိုင်းရင်းသားများက ဟံသာဝတီနိုင်ငံတော်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပသော (၇၅)နှစ်မြောက် ယနေ့ မွန်အမျိုးသားနေ့တွင် မွန်တိုင်းရင်းသားများနှင့်တကွ ပြည်သူများအားလုံး လိုလားတောင့်တသည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ မွန်တိုင်းရင်းသားများသည် မိမိတို့နိုင်ငံတွင် အစောဆုံးအခြေချနေထိုင်သူများဖြစ်ပြီး ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ သိမ်မွေ့မှု၊ ကြွယ်ဝမှု၊ အတတ်ပညာ၊ အသိပညာပိုင်းတွင် ဂုဏ်ယူရ လောက်သည့် လူမျိုးများ ဖြစ်ပါသည်။ ဟံသာဝတီနိုင်ငံတော်ကြီးအတွက် ကြံ့ကြံ့ခံ တိုက်ပွဲ ဝင်ခဲ့ကြသည့် သမိုင်းကြောင်း ထယ်ဝါသော ၊ အစဉ်အလာကောင်းသော လူမျိုးများ ဖြစ်ပါသည်။ ၁၉၄၇ခုနှစ်မှစ၍ သမလနှင့်ဝိမလမင်းညီနောင်နှစ်ပါးတို့ ဟံသာဝတီနိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော်(၁)ရက်ကို မွန်အမျိုးသားနေ့အဖြစ် လက်ခံကျင်းပ လာခဲ့သည်မှာ ယနေ့တွင် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မွန်တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် တိုင်းရင်း သားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း နိုင်ငံတွင် နှစ်ပေါင်း(၇၀)အတွင်း စစ်အာဏာရှင်စနစ်ကို အသက်သွင်း၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် မွန်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား အားလုံးတို့သည် ငြိမ်းချမ်းမှုကို မခံစားကြရဘဲ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေး၍ စစ်ဘေးစစ်ဒဏ်များ တွေ့ကြုံနေကြရပါသည်။ ၄။ တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံတော်သစ်တည်ထောင်ရေး လမ်းကြောင်းသို့ ဦးတည်နေစဉ် ကိုဗစ်ကပ်ရောဂါ ကာလ အား အသုံးချ၍ စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ အာဏာ သိမ်းယူခဲ့ကြရာ တနိုင်ငံလုံးတွင် ဆိုးဝါးသော အခြေအနေများ ခံစားနေကြရပါသည်။ ထိုကဲ့သို့ သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးတွင် ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အားဖြည့်လျက်ရှိသည့် မွန်တိုင်းရင်းသားတစ်ရပ်လုံးနှင့် မွန်လူငယ်များ၏ အခန်းကဏ္ဍကို ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ၅။ မွန်တိုင်းရင်းသားအားလုံး၏အထွဋ်အမြတ်ထားရသည့် မင်္ဂလာရှိသော ဤအချိန်အခါ ကာလတွင် ပြည်ထောင်စုအတွင်း၌ မွန်တိုင်းရင်းသားများနှင့်အတူ ပြည်သူအားလုံး အတူလက် တွဲကာ တွေ့ကြုံနေကြရသော စိန်ခေါ်မှုများကို ဟံသာဝတီစိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ဖြတ်ကျော်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် တူညီသောပန်းတိုင်ဆီသို့ ကြိုးစားချီတက်ကြပါစို့ဟု တိုက်တွန်းရင်း (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2022-02-16
Date of entry/update: 2022-02-19
Grouping: Individual Documents
Language:
Format : pdf
Size: 273.19 KB
more
Description: The Mons were one of the earliest peoples settled in Southeast Asia. According to the Brumese chronicles, they were the first people settled in Burma as well, immigrated from some where in central Asia several centuries before the Christian Era. Linguistically, the Mon language belong to the Mon-Khmer family.
Creator/author: Sudara Suchaxaya
Source/publisher: Monland Restoration Council
Date of entry/update: 2010-11-14
Grouping: Individual Documents
Category: Mon history
Language: English
more