(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၄) နှစ်မြောက် ရက္ခိုင့် တပ်တော်နေ့တွင် ရက္ခိုင့်ရဲဘော်များနှင့်တကွ ရက္ခိုင်ပြည်လူလူထုတရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေဟု ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ ယနေ့တွင် (၁၄) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူပါသည်။ ၃။ (၁၄)နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်အပ်ပါသည်။ ၄။ ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်တွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ အတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက်တွဲကူညီ ပံ့ပိုးပေးလျက်ရှိသည်။ ၅။ ယခုအချိန်အခါတွင် ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များကိုလည်း တပါတည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ၂၀၂၃ ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။ ..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-04-10

Date of entry: 

2023-04-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

851.57 KB

Resource Type: 

text

Text quality: 

    • Good