(၃၄)နှစ်မြောက် ချင်းတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ခုနှစ်၊ မတ်လ(၂၀) ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ၂။ ကိုလိုနီနယ်ချဲ့တို့၏ အုပ်ချုပ်မှုမှ လွတ်မြောက်သည့်အခါ တိုင်းရင်းသားအားလုံး အေးအတူ ပူအမျှ၊ တန်းတူညီမျှ ၊ အတူတကွ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုတစ်ခု တည်ထောင်ကြရန် ပင်လုံစာချုပ်တွင် အခြားတိုင်းရင်းသားများနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း ပင်လုံ စာချုပ်၏ အနှစ်သာရများဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်များကို ငြင်းပယ်ခံခဲ့ရသည့်အတွက် ၁၉၈၈ ခုနှစ်၊ မတ်လ(၂၀)ရက် နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA)ကို တည်ထောင်လျက် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေး ရည်မှန်းချက်ဖြင့် ချင်းအမျိုးသားတို့၏ တော်လှန်စစ် ကို ညီညွတ်စွာဖြင့် စတင်ဆင်နွှဲခဲ့ကြကာ အဆိုပါ နေ့ရက်ကို အထိမ်းအမှတ် ပြုလျက် “ချင်းတော်လှန်ရေးနေ့” အဖြစ် ဂုဏ်ပြုသတ်မှတ် ထားခြင်း ဖြစ်ပါသည်။ ၃။ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ရည်မှန်းသော နွေဦးတော်လှန်ရေး ကာလအထိ တော်လှန်ရေးအဆက်ဆက် တွင် ဦးဆောင်ပါဝင်ခဲ့သော ချင်းပြည်နယ် အမျိုးသား၊ အမျိုးသမီးများ၊ ချင်းခေါင်းဆောင်များ အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ယနေ့ကျရောက်သော (၃၄) နှစ်မြောက် ချင်းတော်လှန်ရေးနေ့၌ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။ ၄။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ မျှော်ရည်လျက် ပြည်သူ့ခုခံ တွန်းလှန်စစ်ကို ဆင်နွှဲရာတွင် ချင်းအမျိုးသာတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ချင်းပြည်သူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs)များနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း သည်အထိ အတူတကွ ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုသို့ ဆက်လက်ပါဝင် ထမ်းရွက် လိမ့်မည်ဟု ယုံကြည်ပါကြောင်း နှင့် ချင်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်ကို ဤသဝဏ်လွှာဖြင့် ဂုဏ်ပြု အပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-03-20

Date of entry: 

2022-03-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

236.24 KB

Resource Type: 

text

Text quality: 

    • Good