(၇၆)နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာ

Description: 

"၁။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မှ ၁၂ ရက် အတွင်း ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ကျင်းပခဲ့သော ကျင်းပခဲ့သောပင်လုံညီလာခံတွင် ရှမ်းအမျိုးသားသီချင်း နှင့် ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို တရားဝင်သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) အဖြစ် ပြဋ္ဌာန်းသတ်မှတ် ကျင်းပ ခဲ့သည်မှာ (၇၆)ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ၂။ ထို့ပင်လုံညီလာခံ၌ပင် ကြားဖြတ်ဗမာအစိုးရ (Proper Burma) နှင့် ဖက်ဒရယ်ရှမ်းပြည် ကချင်ပြည်၊ချင်းပြည်အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်တို့အကြား နိုင်ငံရေးဆိုင်ရာ ယုံကြည်မှု များတည်ဆောက်နိုင်ခဲ့ပြီး ပင်လုံစာချုပ်၏နိဒါန်း၌ “ကြားဖြတ်ဗမာအစိုးရနှင့် ချက်ချင်း ပူးပေါင်း လိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်” ဟူသော ဖော်ပြချက်၊ ပင်လုံစာချုပ် အပိုဒ် ၅ ၌ “နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုလုပ်လိမ့်မည် မဟုတ်ပါ” ဟူ သော ဖော်ပြချက်တို့နှင့် ပင်လုံစာချုပ် အပိုဒ် ၇ ၌ “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင်ရရှိ ခံစားလျက်ရှိသော အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်ဟု သတ်မှတ်ထား သည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ရရှိခံစားစေရမည်” ဟု ဖော်ပြချက်များအရ အဆိုပါ ရှမ်းအမျိုးသားခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တို့၏ ပင်လုံညီလာခံမှ သဘောတူ ဆုံးဖြတ်ချက်များသည် ယနေ့နိုင်ငံတော်၏ နယ်နိမိတ်၊ အကျယ်အဝန်းနှင့်ပုံသဏ္ဍာန်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပင်လုံ၏ ကတိကဝတ်သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ရည်မှန်းချက်ပင်ဖြစ်ပါသည်။ ၃။ ပင်လုံညီလာခံမှ ရရှိခဲ့သော ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး သန္နိဋ္ဌာန်များသည် ကာလရှည်ကြာမြန်မာ့နိုင်ငံရေးပြဿနာအား အဖြေရှာရေး အဓိကလိုအပ်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လွန်စွာ အရေးကြီးသည့် အခြေခံအုတ်မြစ်လည်း ဖြစ်နေပါသည်။ ၄။ ထိုအခြေခံအုတ်မြစ် ပင်လုံကတိကဝတ်တို့ဖြင့် တည်ဆောက်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မည် မဟုတ်သလို ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်သည်လည်း ရရှိနိုင်မည် မဟုတ်ကြောင်း ပင်လုံကတိကဝတ်ဖော်ဆောင်ရန်ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် နှစ်(၇၀)ကျော်ကြာ နိုင်ငံရေးပြသာနာများက မီးမောင်းထိုးပြလျက်ရှိပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးလက်တွဲလျက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်မှန်သမျှ အဆုံးသတ်စေရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ ထိုသို့တော်လှန်တိုက်ပွဲဝင်ကြရာတွင် ရှမ်းတိုင်းရင်းသားများ၊ ရှမ်းပါတီများ အပါအဝင် ရှမ်းတော်လှန် ရေးအင်အားစုများ၏ အသက်သွေးချွေးစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြသည်မှာ မျက်မှောက်ခေတ် သမိုင်းတွင် အထင်အရှားပင်ဖြစ်ပါသည်။ ၅။ သို့ဖြစ်ရာ ယခုရှမ်းအမျိုးသားနေ့ (၇၆) ကြိမ်မြောက်အခါသမယတွင် ရှမ်းတိုင်းရင်းသားတို့ အပါအဝင် ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အခြေခံအုတ်မြစ်ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် ရှမ်းတိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမည်ဟု အလေးအနက်ကတိသစ္စာပြုအပ်ပါကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။..."

Source/publisher: 

National Unity Consultative Council

Date of Publication: 

2023-02-07

Date of entry: 

2023-02-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

474.11 KB

Resource Type: 

text

Text quality: 

    • Good