A National Education Strategic Plan for a prosperous, peaceful and united Myanmar - ငြိမ်းချမ်းပြီး စည်းလုံးညီညွတ် စည်ပင်ကြွယ်ဝသည့် မြန်မာနိုင်ငံတော်အတွက် အမျိုးသားအဆင့် ပညာရေးမဟာဗျူဟာ အစီအစဉ်အား မိတ်ဆက်

Description: 

"The first National Education Strategic Plan (NESP) was launched today in Nay Pyi Taw by Myanmar’s State Counselor Daw Aung San Suu Kyi. The Plan includes a common policy framework which sets the strategic directions for the next five years; a clear road map for guiding all investments in the sector, both domestic and international; and a vehicle for coordinated implementation efforts. “The Plan is based in fundamental principles, namely that education in Myanmar is a right of every child, regardless of race, sex, socio-economic and citizenship status, and abilities, and regardless of where they live; as well as that those who were not given the chance to go to school or dropped out should not be left behind”, affirms Bertrand Bainvel, UNICEF Representative to Myanmar and Development Partner co-chair. “This is an historic moment for the country, an affirmation of what Education in Myanmar should always have been - a key to the country’s development, social cohesion, peace and national unity”. The Plan reaffirms that creative solutions and partnerships must be built to ensure that everyone is equipped with the skills to help them to continuously learn, chose and seize opportunities, and actively contribute to the country’s progress to democracy, peace and prosperity. Thousands of teachers, headmasters, education experts, civil society organisations and parliamentarians have been contributing to the nation-wide comprehensive education sector review (CESR) initiated in 2012. The Plan launched today is a culmination of this effort, and is based on evidence and inputs through an unprecedented consultation effort in Myanmar’s recent history. “The launch of the Plan is the achievement of a long journey which started with the education sector review, but it is also the beginning of a new one”, affirms Nicholas Coppel, Australia's ambassador to Myanmar and Development Partner co-chair. “We must continue to support this roadmap for the benefit of all children in Myanmar, so that it is owned by all stakeholders, and helps unite all actors in support of education.” The Plan can be a flexible instrument in the discussions on decentralisation and convergence of systems between those run by the Government and those run by Ethnic groups; as well as on performance improvement with full involvement of headmasters, teachers, parents and children. “Education is the key that unlocks the potential of individuals and of society as a whole’ ”, adds Nicholas Coppel “At the same time, we need peace for ending displacements that interrupt classes and we need to make schools more respectful of minorities, their identities and their languages to fulfill every girl and boy’s right to education in Myanmar”, concludes Bertrand Bainvel..." "ပထမဆုံးသော အမျိုးသားအဆင့် ပညာရေး မဟာဗျူဟာ အစီအစဉ်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် မိတ်ဆက်လိုက်သည်။ ယင်းအစီအစဉ်တွင် နောင်လာမည့် ငါးနှစ်စာ မဟာဗျူဟာ နည်းလမ်းများ၊ ကဏ္ဍအတွင်း ပါဝင်သည့် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် ရှင်းလင်းသည့် လမ်းညွှန်မှုနှင့် အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်း လုပ်ဆောင်ရန် အင်အားများအတွက်ကိရိယာတစ်ခု၊ စသည်တို့ပါဝင်သည့်ဘုံမူဝါဒချက်မှတ်ရေးမူဘောင်ပါဝင်သည်။ “ဒီမဟာဗျူဟာ အစီအစဉ်ဟာဆိုရင် လေးနက်ပြီး အခြေခံကျတဲ့ မူဘောင်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ဆိုရင်မြန်မာနိုင်ငံရဲ့ ပညာရေးအခွင့်အလမ်းဟာ ကလေးသူငယ်တိုင်း ရရှိရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ လူမျိုးဘာသာ၊ ကျား၊မမရွေး၊ လူမှုစီးပွားရေးနဲ့ နိုင်ငံသား သတ်မှတ်ချက်တွေနဲ့ သူတို့လေးတွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းအား၊ မည်သည့်နေရာတွေမှာ နေထိုင်တယ် ဆိုတာတွေကိုကြည့်ပြီး ခွဲခြားမှုမရှိစေတဲ့အပြင် ကျောင်းပညာ ဆက်လက်သင်ယူနိုင်ခြင်း မရှိတော့တဲ့ ကလေးငယ်တွေအားလုံးလဲ နောက်ကျ ကျန်ခဲ့ခြင်းမရှိစေဖို့အတွက်အခြေခံထားပါတယ်။” ဟု ယူနီဆက်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်တွဲဖက်ဥက္ကဌ ဘတ်ထရန်ဘိန်း(ဗဲ)လ်က အခိုင်အမာ ပြောဆိုလိုက်သည်။ ”ဒါဟာ မြန်မာနိုင်ငံအတွက်တကယ်ကို သမိုင်းဝင်စေတဲ့ အချိန်လေးပါ။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုပေါင်းစည်းညီညွတ်မှု၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးစတဲ့ အရာတွေအတွက် ပညာရေးဆိုင်ရာကဏ္ဍဟာ အင်မတန်ပဓာနကျကြောင်း အခိုင်အမာ ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်ရေး၊ ရွေးချယ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများကို လက်လှမ်းမီနိုင်ရေး၊ နိုင်ငံတော်စည်ပင်ကြွယ်ဝရေး၊ ဒီမိုကရေစီလမ်းကြောင်းနှင့် ငြိမ်းချမ်းရေး၊ အစရှိတဲ့ကဏ္ဍတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ စသည့်အရာများအတွက် ဆန်းသစ်သည့် နည်းလမ်းအဖြေများနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများကို တည်ဆောက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ယင်းမဟာဗျူဟာ အစီအစဉ်က အခိုင်အမာ ဖော်ပြထားသည်။ ထောင်နှင့်ချီသော ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များအနေဖြင့် ၂၀၁၂ခုနှစ်မှ စတင်ခဲ့သည့် ပြည့်စုံကျယ်ပြန့်သော ပညာရေးကဏ္ဍဆိုင်ရာ ပြန်လည်ဆန်းစစ်သုံးသပ်ချက်(CESR)တွင် ပါဝင်ခဲ့ကြသည်။ ယနေ့တွင် မိတ်ဆက်လိုက်သည့် အစီအစဉ်သည် ယင်းကဲ့သို့ ပူးပေါင်းကြိုးပမ်းခဲ့မှုများ၏ ရလဒ်ကောင်းပင်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မကြာလှသေးသည့် သမိုင်းကြောင်းအတွင်း မကြုံဖူးသေးသည့် ညှိုနှိုင်းဆွေးနွေးတိုင်ပင်မှု ရလဒ်များကိုအခြေခံထားခြင်း ဖြစ်သည်။ “ယခုလိုမိတ်ဆက်လိုက်တဲ့အစီအစဉ်ဟာ ပညာရေးကဏ္ဍဆိုင်ရာ ပြန်လည်ဆန်းစစ်လေ့လာ သုံးသပ်ချက်ရဲ့ ခရီးလမ်းရှည်ကနေ စတင်ခဲ့တဲ့ အောင်မြင်မှုတခု ဖြစ်ပေမယ့်လည်း နောက်ထပ်ခရီးလမ်းကြောင်း အသစ်တခုရဲ့ အစပြုခြင်းဆိုလည်း မမှားပါဘူး” ဟု ဖွံ့ဖြိုးမှုမိတ်ဖက်တွဲဖက်ဥက္ကဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး နီကိုလတ်(စ်) ကော်ပယ်(လ်)က ပြောသည်။ ”မြန်မာနိုင်ငံက ကလေးသူငယ်လေးတွေအားလုံးကို အကျိုးပြုနိုင်ဖို့ ဒီလို လမ်းကြောင်းချထားပြီးဖြစ်တဲ့ အစီအစဉ်ကို ကျွနု်ပ်တို့က ဆက်လက်ပံ့ပိုးကူညီသွားဖို့ လိုပါတယ်။ ဒါမှသာ မိတ်ဖက်ဖြစ်သူအားလုံးနဲ့ ပညာရေးကဏ္ဍအတွက်ကူညီလုပ်ကိုင်နေတဲ့ကဏ္ဍတွေအားလုံးက သိရှိပိုင်ဆိုင်နိုင်ပြီး တညီတညွတ်တည်း လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဤမဟာဗျူဟာအစီအစဉ်သည် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ဦးဆောင် ဆောင်ရွက်သည့် ဗဟိုချုပ်ကိုင်မှုကို ဖျက်သိမ်းခြင်း၊ ပြန်လည်ဆုံမိနေသော နည်းစနစ်များအကြောင်း ဆွေးနွေးခြင်းနှင့် စွမ်းဆောင်မှုမြှင့်တင်ရေးတွင် အပြည့်အဝပါဝင် ဆောင်ရွက်ရမည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသားများအတွက် ပျော့ပြောင်းသည့် ကိရိယာတစ်ခုလည်း ဖြစ်စေပါသည်။ “ပညာရေးဆိုတာ လူတစ်ဦးချင်းစီတိုင်းနဲ့ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို လမ်းဖွင့်ပေးနိုင်တဲ့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။” ဟုနီကိုလတ်(စ်) ကော်ပယ်(လ်)က ဖြည့်စွက်ပြောကြားသည်။ ”တချိန်တည်းမှာပဲ ကလေးသူငယ်တွေ ပညာသင်ကြားနေချိန်မှာ အတန်းချိန်တွေကို အနှောက်အယှက် ဖြစ်စေတဲ့ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ရမှုတွေကို ရပ်တန့်သွားနိုင်ဖို့ ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ နောက်ပြီးတော့ စာသင်ကျောင်းတွေအနေနဲ့လည်း လူမျိုးအနည်းစုကို လေးစားမှုရှိပြီး မြန်မာနိုင်ငံမှာ ပညာရေးအခွင့်အလမ်းကို ကလေးသူငယ်တွေတိုင်း ရရှိဖို့အတွက် သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ဘာသာစကားတွေကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။” ဟု ဘတ်ထရန် ဘိန်း(ဗဲ)လ်က နိဂုံးချုပ် ပြောကြားသည်။..."

Creator/author: 

Mariana Palavra, Jay Frere Harvey, Htet Htet Oo

Source/publisher: 

reliefwe via "The MIMU"

Date of Publication: 

2017-02-23

Date of entry: 

2019-06-14

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English

Local URL: 

Format: 

pdf pdf

Size: 

205.31 KB 111.73 KB

Resource Type: 

text

Text quality: 

    • Good