အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ပူးတွဲ ထုတ်ပြန် ကြေညာချက်

Description: 

"Embrace Equity- “ညီမျှခွင့်တူ-ဖမ်းဆုပ်ယူ” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ပူးတွဲ ထုတ်ပြန် ကြေညာချက် ၁။ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါသည်။ ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီး အခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူညီမျှရေးအတွက် ရည်ရွယ်ပြီး လှုပ်ရှားမှုများ၊ အသိအမြင်ဖွင့်လုပ်ငန်းများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ ရှိပါသည်။ ၂။ ၂၀၂၃ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ Embrace Equity- “ညီမျှခွင့်တူ-ဖမ်းဆုပ်ယူ” ဖြစ်ပါသည်။ အဆိုပါ ဆောင်ပုဒ်အတိုင်း အမျိုးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများ နှင့် ခွင့်တူညီမျှ မှုများကိုဖမ်းဆုပ်မြဲမြံရရှိအောင် အစဉ်အမြဲ လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ ၃။ အမျိုးသမီးအခွင့်အရေးများဟုဆိုရာတွင် စီဒေါ(CEDAW)ဟု လူသိများသော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုကဲ့သို့ စီဒေါ(CEDAW)စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းသည် စီဒေါ(CEDAW)စာချုပ်ပါ ပြဌာန်းချက်များကို နိုင်ငံတော်အနေဖြင့် လိုက်နာရန်၊ လေးစားရန်၊ ဖြည့်ဆည်းပေးရန်နှင့် အစီရင်ခံစာတင်ရန် စသည်ဖြင့် တာ၀န်ခံလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာမခံကတိကဝတ်ပေးခဲ့ ခြင်းဖြစ်ပါသည်။ ၄။ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးများသည် ကျရာ အခန်းကဏ္ဍအစုံတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံပါဝင်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ အာဏာရှင်ကိုတွန်းလှန်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ယနေ့အချိန်အထိ အမျိုးသမီး သေဆုံးသူဦးရေ (၄၈၃) ဦးရှိပါသည်။ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရဆဲ အမျိုးသမီးဦးရေ (၃,၁၂၅) ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ (၁၁) ဦးရှိပါသည်။ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ (၁၅) ဦးရှိပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်ဆိုင်းရာစော်ကားခံရသူ အမျိုးသမီးဦးရေ (၁၂၂) ဦးရှိပါသည်။ နွေဦးတော်လှန်ရေးတွင်ကဏ္ဍပေါင်းစုံမှ ပါဝင်နေသောအမျိုးသမီးများကို အသိအမှတ်ပြု လေးစားဂုဏ်ပြုပါ ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားသွားပါမည်။ ၅။ အမျိုးသမီးများ၏ အခွင့်အရေးသည် လူ့အခွင့်အရေးဖြစ်သည်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ်၏ အခြေခံကျသည့် အုတ်မြစ်မှာ လူသားတိုင်း ခွင့်တူညီမျှသည့် အခွင့်အလမ်းနှင့် အခွင့်အရေးများကို ခွဲခြားမှုမရှိပဲ တန်းတူရရှိခံစားစေရန်ဖြစ်သည်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို တားဆီးရန်၊ အပြစ်ပေးရန်၊ အသိပညာပေးရန် လုပ်ငန်းများကို ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သော Embrace Equity ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတ- ကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု များ နှင့်အတူ ခွင့်တူညီမျှစွာ အခွင့်အလမ်းများကို ဖမ်းဆုပ်ပိုင်ဆိုင်ခွင့်ရစေဖို့ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယခုကြေငြာချက်အား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တို့မှ ပူးတွဲထုတ်ပြန် ကြေညာအပ်ပါသည်။..."

Source/publisher: 

National Unity Consultative Council, Ministry of Women, Youth and Children Affairs

Date of Publication: 

2023-03-08

Date of entry: 

2023-03-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

356.41 KB

Resource Type: 

text

Text quality: 

    • Good