အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် (၂/၂၀၂၃)

Sub-title: 

အမည်ပျက်စာရင်း ကြေညာခြင်း

Description: 

"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်း ဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ ၃။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်း လိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismiss) လိုက်သည်။ မှတ်ချက် - အငြိမ်းစား ယူသွားပြီးဖြစ်သော ဝန်ထမ်းများနှင့် ပတ်သက်၍ CDM - နိုင်ငံ့ ဝန်ထမ်း ဆိုင်ရာ မူဝါဒ အရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်။..."

Source/publisher: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2023-04-23

Date of entry: 

2023-04-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

2.16 MB

Resource Type: 

text

Text quality: 

    • Good