အမျိုးသားညီညွတ်ရေးအစိုးရ ၏ သတင်းထုတ်ပြန်ခြင်း

Description: 

"၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဖြစ်စဉ် နှင့် လုပ်ရပ်သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်နှင့်အညီ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေးထားဦးစားပေး၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-04-07

Date of entry: 

2023-04-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

203.01 KB

Resource Type: 

text

Text quality: 

    • Good