အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၆/၂၀၂၃)

Description: 

"၁။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှု များသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက် ရာရောက်သည်ဟု ရှုမြင်လက်ခံသည်။ ၂။ အထူးသဖြင့် မတရားဖမ်းဆီး၍ အကျဉ်းထောင်ထဲတွင် တစ်ဦးတည်းသီးသန့် ချုပ်နှောင်ခံထားရသောကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင် ခြင်း မရှိသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော၊ တရားဝင်မှုအလျဉ်းမရှိသော ပြောဆိုမှုများသာဖြစ်သည်။ ၃။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရများ ထွန်းကားစည်ပင်လာစေရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်စေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လည်း တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား အရာသွင်း ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် အဆိုပါရလဒ်ကောင်းများ မည်သည့်အခါမျှ ရရှိလာလိမ့်မည် မဟုတ်ကြောင်း အလေး အနက်အသိပေးလိုသည်။ ၄။ မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်သည်။ ၅။ ထိုရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားသော တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံ၍ စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိက ဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ ၆။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တ ချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု အသိပေး အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-07-14

Date of entry: 

2023-07-14

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, Thailand

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

414.51 KB

Resource Type: 

text

Text quality: 

    • Good