အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၂၀/၂၀၂၂) - ၂၀၁၇ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ ပဉ္စမနှစ်ပတ်လည်နေ့ ကြေညာချက်

Description: 

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်မှ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ ပဉ္စမနှစ်ပတ် လည်နေ့ ကို ဝမ်းနည်းမှုများစွာဖြင့် အထိမ်းအမှတ်ပြုပါသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်မှ သတ်ဖြတ်ခဲ့သဖြင့် ထောင်နှင့်ချီသော ရိုဟင်ဂျာပြည်သူများ သေဆုံး ပျောက်ကွယ်ခဲ့သည်။ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားရန် အကြမ်းဖက် နည်းဗျူဟာတစ်ခု ဖြစ်သော အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ကျုးလွန်ခဲ့ကြ ပါသည်။ ရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပြီး မရေမတွက်နိုင်သော အိမ်ခြေများ ပျက်စီးသွားခဲ့ရသည် ။ ယခု ငါးနှစ်ကြာသည်အထိ ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်မှာ ၎င်းတို့နေရပ်များမှ အတင်းအကျပ် ရွှေ့ပြောင်း ခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ စစ်တပ်သည် ဤအလားတူ လုပ်ရပ်များအား ရိုဟင်ဂျာ ပြည်သူများ ကိုသာမက ကချင်နှင့် ရှမ်းပြည်နယ်များတွင် နေထိုင်သော လူမျိုးနွယ်စု အသီးသီး အပေါ် တွင်လည်း ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ တွေ့ရှိချက်များ အရ သိရှိခဲ့ရပါသည်။ ထိုကဲ့သို့ သမိုင်းတလျှောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်စီရင်ခြင်းမခံခဲ့ရခြင်း က မြန်မာ စစ်တပ်ကို တရားမဝင်စစ်တပ် တစ်ခုအဖြစ် နိုင်ငံအနှံ့ ရာဇဝတ်မှုများကို ဆက်လက် ဦးဆောင် ကျူးလွန် စေခဲ့ပါသည်။ ယခင်က ပစ်မှတ်ထားခံရသူလူနည်းစုမှ ယခုဆိုလျှင် နိုင်ငံတဝှန်းရှိ လူအများစုသို့ ဦးတည် ကျူးလွန်ဆောင်ရွက်လာပြီ ဖြစ်သည်။ စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှု စတင်ခဲ့သည့် နေ့ မှ ယနေ့အထိ နောက်ထပ် မြန်မာနိုင်ငံသား တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ကျေးရွာများစွာကို ဗုံးကြဲ၊ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ပြီး အိမ်များစွာ မီးရှို့ခံခဲ့ရသကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကိုလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက် ရှိပါသည်။ ရိုဟင်ဂျာပြည်သူများနှင့် အခြား လူမျိုးစုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော မူဝါဒများ ၊ အလေ့အကျင့်များ နှင့် ပြုမှုပြောဆိုမှုများ၊ လုပ်ရပ်များ တည်ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိုမို ဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရမှ အလွန်ရှက်ရွှံ့စွာဖြင့် အသိအမှတ် ပြုလိုပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အောက်ပါ အချက်၃ချက်အား တစ်ပြိုင်တည်း လုပ်ဆောင်လျက် ရှိပါသည်။ ရိုဟင်ဂျာပြည်သူများ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများ ဖန်တီးခြင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တည်ဆောက်ခြင်း၊ ဥပဒေအရနှင့် လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းခြင်း တို့ဖြစ်ပါသည်။ မကြာသေးမီက သွားရောက်ခဲ့သော ဘင်္ဂလားဒေ့ရှ် ခရီးစဉ် အပြီးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ သံအမတ်ကြီး မစ်ချယ်လ် ဘချဲလက်က ရိုဟင်ဂျာဒုက္ခသည်များတွင် မြန်မာနိုင်ငံရှိ ၎င်းတို့ နေအိမ်များသို့ ပြန်သွားနိုင်မည်ဟု 'အခိုင်အမာမျှော်လင့်ချက်' ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မြေပြင် အခြေအနေများသည် မိမိသဘောဆန္ဒဖြင့်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည် တည်တံ့သော ပြည်တော်ပြန်နိုင်ရေး အတွက် မသင့်တော်သေးကြောင်း သံအမတ်ကြီး က ကောက်ချက် ချခဲ့သည်။ အမျိုးသား ညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာပြည်သူများ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း များ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ နှင့် ကုလသမဂ္ဂ တို့ နှင့်အတူ ရိုဟင်ဂျာ လူမျိုးများ အိမ်ပြန်နိုင်ရေး အတွက် ကောင်းမွန်သင့်တော်သော အခြေအနေများ ဖန်တီးရန် ကြိုးစားနေကြောင်း ထပ်မံ ကတိပြုပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရသည် အပြည်ပြည်ဆိုင်ရာ တရားရုံး ၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး နှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုအခွင့်အာဏာ နှင့်အတူ ရိုဟင်ဂျာများ တရားမျှတမှု ရရှိနိုင်ရန် နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန် သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန် အစဉ်တစ်စိုက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။ တန်းတူညီမျှမှုနှင့် ပတ်သတ်၍ အမျိုးသားညီညွတ်ရေး အစိုးရသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများအပေါ် မူဝါဒသဘောထား တွင် ဖေါ်ပြထားသော ကတိကဝတ်များ အတိုင်း လုပ်ဆောင်လျှက် ရှိပါသည်။ ၎င်းတို့ မှာ ၊ နိုင်ငံသား အခွင့်အရေးများ ၊ ခွဲခြားဆက်ဆံမှု မရှိခြင်း ၊ တန်းတူ ညီမျှမှုရရှိခြင်း၊ အမုန်းစကားများကို တိုက်ဖျက်ခြင်း စသည်တို့ကို ဦးစားပေးသည့် ကျယ်ပြန့်သော ဥပဒေ နှင့် မူဝါဒ ပြုပြင် ပြောင်းလဲမှုများကို ရိုဟင်ဂျာနှင့် အခြားလူနည်းစု အဖွဲ့အစည်းများ နှင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်လျှက်ရှိပါသည်။ ဤလုပ်ရပ်များ လုပ်ဆောင်ရာတွင် အတားအဆီးများစွာ ရင်ဆိုင်နေရပါသည်။ ၎င်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရန်မှာ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲမှု ၊ ရက်စက် ကြမ်းကြုတ်မှု များ အဆုံးသတ်နိုင်မှု နှင့် အကြမ်းဖက် စစ်တပ်အား အနိုင်ယူနိုင်မှုတို့ အပေါ် မူတည်နေပါသည် ။ အဆုံးသပ်တွင် မိမိတို့ပြည်သူများသည် မလွဲမသွေ အောင်မြင်မည်မှာ သေချာပါသည်။ ဤကတိကဝတ်များသည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူနည်းစုများအား ကာကွယ်ရေးတို့အပေါ် အခြေခံတည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း နှင့်အညီ ပေါ်ထွက်လာမည့် နိုင်ငံတော်သစ်၏အနာဂတ်အတွက် အဓိကအခြေခံ ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရမှ နိုင်ငံတကာ အဖွဲ့အစည်း များကို ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ ဆောင်ကြဉ်းပေးနိုင်ရန် မိမိတို့ ၏ ကြိုးပမ်းမှုများတွင် ပါဝင်ပြီး လက်တွေ့ကျသော ထောက်ပံ့မှုများ ပေးရန် နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-08-25

Date of entry: 

2022-08-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

656.53 KB

Resource Type: 

text

Text quality: 

    • Good