Announcement on the safety of healthcare activities, healthcare personnel and charity workers - ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ပရဟိတသမားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ထုတ်ပြန်ကြေညာချက်

Description: 

"ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ပရဟိတသမားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ထုတ်ပြန်ကြေညာချက် ၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ ကျန်းမာရေးအဆောက်အဦးများ ကို ဝင်ရောက်၍ တပ်စွဲသိမ်းပိုက်ဖျက်ဆီးလုယက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့် ပရဟိတလုပ်ငန်းများကို နှောင့်ယှက်ခြိမ်းခြောက်ဖျက်ဆီးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနှင့် ပရဟိတသမားများကို မတရားသဖြင့် ခြိမ်းခြောက်ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းနှင့် စိတ်ထင်ရာ ဥပဒေပုဒ်မများတပ်၍ မတရား ဖမ်းဝရမ်းထုတ်ခြင်းကြောင့် တိမ်းရှောင်စေရခြင်း အစရှိသည့် အဓမ္မမှုများ၊ အကြမ်းဖက်မှုများကို ယနေ့ထက်တိုင် မိစ္ဆာ စရိုက်ဆန်စွာ အစဉ်တစိုက် ပြုမူနေခဲ့ပါသည်။ ၂။ (၂၆-၁၀-၂၀၂၁) ရက်နေ့တွင် Insecurity Insight အဖွဲ့၊ Physicians for Human Rights (PHR) အဖွဲ့နှင့် the Johns Hopkins University Center for Public Health and Human Rights (CPHHR) အဖွဲ့တို့၏ ပူးတွဲထုတ်ပြန်ချက် (https://tinyurl.com/attackstohealthcare) အရ (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ စစ်အာဏာသိမ်းခဲ့သည့် (၈) လတာ ကာလ အတွင်း မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် တိုက်ခိုက်ခြိမ်း ခြောက်မှုပေါင်း (၂၉၇) ခုအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတိုက်ခိုက်ခြိမ်းခြောက်မှု (၂၉၇) ခုအနက် (၂၆၇) ခုကို အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်သမား များက ကျူးလွန်ခဲ့ကြောင်း ခိုင်မာသော သက်သေအထောက်အထားများနှင့်တကွ တွေ့ရှိခဲ့ရ ပါသည်။ ၃။ (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့မှု များမှာ ကျန်းမာရေးလုပ်သားစုစုပေါင်း (၂၁၀) ဦးကို ဖမ်းဆီးခြင်း၊ (၄၀) ဦးကို ဒဏ်ရာရစေခြင်း နှင့် (၂၉) ဦးကို သတ်ဖြတ်ခြင်း၊ ဆေးရုံများကို အနည်းဆုံး (၈၇) ကြိမ် ဝင်ရောက်စီးနင်းခြင်းနှင့် အနည်းဆုံး (၅၆) ကြိမ် ကျူးကျော်သိမ်းပိုက်ခြင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို (၂၅) ကြိမ် နှောင့်ယှက်တိုက်ခိုက်ခြင်းတို့ ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီက စိတ်ထင်ရာ ဥပဒေပုဒ်မများတပ်၍ မတရားဖမ်းဝရမ်းထုတ်ခြင်းကြောင့် ကျန်းမာရေးလုပ်သား (၇၀၀) ဦးထက်မနည်းလည်း ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ၄။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပေါ် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ခြိမ်းခြောက်မှုများမှာ ရပ်တန့်ခဲ့ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်လျက်ရှိပါသည်။ (၂၄-၁၀-၂၀၂၁) ရက်နေ့တွင် ရန်ကုန်မြို့၌ ပင်လုံ ပုဂ္ဂလိကဆေးရုံကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ (၁၆-၁၁-၂၀၂၁) ရက်နေ့တွင် ကလေးမြို့နယ်၌ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆေးဝန်ထမ်းအမျိုးသမီးများကို ဖမ်းဆီးသတ်ဖြတ် ခြင်းနှင့် ဖားအံမြို့နယ်၊ ဖလံတောင်တိုက်နယ်ဆေးရုံကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီး လုယက်ခြင်း၊ (၂၂-၁၁-၂၀၂၁) ရက်နေ့တွင် လွိုင်ကော်မြို့၊ ခရစ္စတူးဘုရင် ဘုရားကျောင်းရှိ ကရုဏာဆေးခန်းကို ဝင်ရောက်စီးနင်းပြီး ဆရာဝန်များ၊ သူနာပြုများ၊ ပရဟိတကျန်းမာရေး လုပ်သားများကို ဖမ်းဆီးခြင်းနှင့် လူနာများကို အတင်းအကြပ် နေရာရွှေ့ပြောင်းခြင်း၊ CDM ပြုလုပ်ထားသော အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတ သမားများကို ထပ်မံခြိမ်းခြောက်ဖမ်းဆီးခြင်း စသည်တို့ကို အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဆက်လက်ကျူးလွန်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ ၅။ ထိုကဲ့သို့ ကျန်းမာရေးအဆောက်အဦးများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ ပရဟိတလုပ်ငန်းများနှင့် ပရဟိတသမားများအပေါ် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အငြိုးတကြီး ပစ်မှတ်ထား၍ ဆင်ခြင်တုံတရားမဲ့၊ အသိကင်းလွတ် အကြမ်းဖက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၂၂၈၆) အပါအဝင် ပြည်တွင်းဥပဒေများ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်ပါသည်။ ၆။ သို့ဖြစ်ပါ၍ အမျိုးသားကျန်းမာရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ပရဟိတသမားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အဆိုပါအကြမ်းဖက်မှုလုပ်ရပ်များကို ရပ်တန်းကရပ်ရန် အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာ သတိပေးတောင်းဆိုလိုက်ပြီး နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့်လည်း အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ကြပါရန် ထုတ်ပြန် ကြေညာအပ်ပါသည်။..."

Source/publisher: 

National Health Committee - Myanmar

Date of Publication: 

2021-11-28

Date of entry: 

2021-11-28

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

681.62 KB

Resource Type: 

text

Text quality: 

    • Good