Bo ဘိုဘိုလန်းစင်

Description: 

"ဒီ တပတ် မန္တလေးမှ သတင်းစာ ဆရာကြီး လူထုဦးလှ-ဒေါ်အမာတို့ရဲ့ မြေး၊ လန်ဒန်တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိက ပညာရပ်များကျောင်း (SOAS)မှ သမိုင်း (မဟာဝိဇ္ဇာ)ဘွဲ့ရယူထားတဲ့ ဘိုဘိုလန်းစင်ကို မေးခွန်း အချိူ့ မေးကြည့်မိပါတယ်။..... ကိုဘိုဘို? ခင်ဗျား မန္တလေး တက္ကသိုလ်က ဆေးကျောင်းပြီးခဲ့ ပေမဲ့၊ ဆရာဝန်မလုပ်ဘဲ ဘာကြောင့် စာရေးဆရာနဲ့ သမိုင်း ပညာရှင် ဘဝကို ရွေးချယ်ရ တာလဲ။..... ဆေးပညာကို ဝါသနာအလျဉ်းမရှိတဲ့အတွက် မူလလိုက်စားရာ သမိုင်းဘာသာကိုပဲ ဆက်လေ့လာဖို့ ကြိုးစားခဲ့တာပါ။ စာရေးဆရာကတော့ ဗမာပြည်မှာ အပျော်တမ်းသဘောပါပဲ။ သမိုင်းပညာက ခါးဖြတ်ဝင်တာမို့ ပညာသင်အဆင့်ပါ။ ဘာလို့ရွေးလဲဆိုတော့ ခလေးကထဲက အတိတ်ကအကြောင်းဆို အင်မတန်နှစ်ခြိုက်တယ်။ ပုံပြော ပုံဖတ် ဝါသနာပါတယ်။ နောက် သမိုင်းဖြတ်သန်းမှှု မပြတ်တဲ့ အသိုင်းအဝိုင်းမှာ လူလာဖြစ်တယ်။ ဗမာပြည်နိုင်ငံရေးက ကျနော်တို့ လူဖြစ်တဲ့အချိန် ၈၈နောက်ပိုင်းမှာ လုံးဝမငြိမ်တာကလဲ တကြောင်း ဖြစ်ပါလိမ့်မယ်။ ဘာလို့ခုလို ဗရုတ်သုက္ခနဲ့ လူတော် လူကောင်းတွေ ဘဝပျက်ကြရတာလဲ၊ ဗမာပြည်နိုင်ငံရေးမကောင်းတာ ခုမ ှမကောင်းတာလား၊ စကထဲက စုတ်ပြတ်နေတာလားဆိုတာတွေ သိချင်စိတ ်ပိုဝင်လာလို့ပဲ၊ ပေါက်ကရဇာတ်မျောကြီးက မပီးသေးတော့ ခုထိလဲ သိချင်နေတုန်းပဲ။"

Date of entry: 

2014-06-04

Grouping: 

  • Websites/Multiple Documents

Category: 

Language: 

English, Burmese (မြန်မာဘာသာ)

Format: 

Size: