စစ်အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပွားလာရသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ပြည်သူများအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ပါရန် မေတ္တာရပ်ခံချက်

Description: 

"စစ်အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖြစ်ပွားလာရသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ပြည်သူများအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ပါရန် မေတ္တာရပ်ခံချက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် တရားမဝင် အကြမ်းဖက် စစ်အာဏာသိမ်းအဖွဲ့၏ တပ်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကရင် ပြည်နယ်ရှိ လေးကေကော်မြို့သစ်သို့ စီးနင်းဝင်ရောက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဖြစ်သော ဦးဝေလင်းအောင်နှင့် ဒေါက်တာ ဝေဖြိုးအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၃၀) မှ (၆၀) ဦးအား ဖမ်းဆီးခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့အတွင်း အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အနီး မဲ့ထောသလေး တွင် အကြမ်းဖက် စစ်အာဏာသိမ်းအဖွဲ့၏ တပ်များနှင့် KNLA တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲရှောင် ပြည်သူစုစုပေါင်း (၃,၀၀၀) ဦးနီးပါးသည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရပါသည်။ ယနေ့အချိန်အထိ သတင်းဖော်ပြချက်များအရ အပြစ်မဲ့ပြည်သူစုစုပေါင်း ၂,၅၀၃ ဦး (ကျား ၈၀၄ ဦး၊ မ ၉၁၀ ဦး၊ ကလေး (ကျား) ၃၄၈ ဦး၊ ကလေး (မ) ၄၄၁ ဦး) တို့သည် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ပွဲများအကြားတွင် ပြည်သူအများအပြားသည် လက်ရှိတွင် ပိတ်မိနေသေးကြောင်း သိရှိရပါသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်စုံစမ်းချက်အရ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ တပ်များ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ နေရာ များသို့ လက်နက်ကြီး ကျရောက်ခဲ့ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ အကြမ်းဖက်စစ်အာဏာ သိမ်းအဖွဲ့နှင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် တိုက်ပွဲရှောင် ပြည်သူအရေအတွက် မှာလည်း ဆက်လက်တိုးပွားလာနိုင်ပါသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သည် KNU/KNLA တပ်မဟာ (၆) လက်အောက်ရှိ ထိန်းချုပ် နယ်မြေတစ်ခုဖြစ်သည့်အပြင် အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့ က ကျူးလွန်လျက်ရှိသည့် ပြစ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏ ခိုလှုံရာ လုံခြုံမှုရှိသည့် မြို့တစ်မြို့လည်းဖြစ်ပါသည်။ ကရင်ပြည်နယ်၌ လွန်ခဲ့သည့် (၂) ရက်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် အကြမ်းဖက်စစ် အာဏာသိမ်းအဖွဲ့၏ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို တွေ့မြင်နေရခြင်းဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့ အနေဖြင့် တရားမဝင်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အကြမ်းဖက်မှုများအား ဆက်တိုက်ကျူးလွန် လျက်ရှိပါသည်။ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့သည် ယခုလအတွင်း ရန်ကုန်မြို့အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် အပြစ်မဲ့ပြည်သူများကို ကားဖြင့် အကြမ်းဖက် ဝင်ရောက်တိုက်ကာ ဖြိုခွင်းခဲ့သောကြောင့် အနည်းဆုံး ပြည်သူ(၄)ဦး သေဆုံးခဲ့ရသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး တွင်လည်း အပြစ်မဲ့ပြည်သူ(၁၁)ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါသည်။ အလားတူ ဒီဇင်ဘာလ ပထမပတ်အတွင်း ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ တပ်များက အပြစ်မဲ့ ပြည်သူ(၂)ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ထောင်ချီမှာလည်း နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ တရားမဝင် အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ အပြစ်မဲ့ပြည်သူ စုစုပေါင်း ၁၅,၀၀၀ ဦးခန့်မှာ အိန္ဒိယ နိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့ တပ်ဖွဲ့ဝင်များ၏ ကိုယ်ကျိုးရှာမှုများနှင့် ရက်စက်ကြမ်းကြုတ် မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေများနှင့် ပြည်သူများ၏ လုံခြုံရေး အခြေအနေများ ဆိုးရွားလာများမှုအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အောက်ပါအတိုင်း တောင်းဆိုအပ်ပါသည်။ 1. မိမိတို့အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ထိုင်းနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် အခြား အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များက စစ်ဘေးရှောင်ပြည်သူများအား လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် တောင်းဆိုအပ်ပါသည်။ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိပြီး လိုအပ် သည်များကို ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ တိုက်ပွဲရှောင် ပြည်သူများထံ ပေးပို့နိုင်ပါသည်။ ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးပါရန်လည်း တောင်းဆိုအပ်ပါသည်၊ 2. မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံအစိုးရအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များကို ဆက်လက်ပေးအပ်ပေးပါရန်နှင့် ခိုလှုံခွင့်ရှာဖွေနေကြသည့် နယ်စပ်ရှိ တိုက်ပွဲ ရှောင်ပြည်သူများအား နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်များပေးရန် တောင်းဆိုအပ် ပါသည်။ မြန်မာပြည်သူပြည်သားများသည် အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှု များကို ကြုံတွေ့ခံစားနေရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပါသည်။ လက်ရှိ ကရင် ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်ရပ်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်လက်ဖြစ်ပေါ် နေသော တိုက်ပွဲများကိုကြည့်ရှုခြင်းအားဖြင့် အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ ကျရှုံးသည့် တရားမဝင် အာဏာသိမ်းမှုသည် အိမ်နီးချင်းနိုင်ငံများသို့ မလွဲမသွေတိုက်ရိုက်သက်ရောက်မှု ရှိစေနိုင်ကြောင်းကိုလည်း သတိပေးနေခြင်း ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများအား တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အာဏာသိမ်းအဖွဲ့အား ပြင်းထန်စွာ ဖိအားပေးရန်နှင့် အရပ်သားအစိုးရကို ပြန်လည် ထူထောင်နိုင်ရေးအတွက် ကူညီပေးပါရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုအပ်ပါသည်။ အကြမ်းဖက်စစ်အာဏာသိမ်းအဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ နောက်ဆုံးထုတ် မူဝါဒရေးရာအကျဉ်းချုပ်တွင် ဖော်ပြထားသည့်အတိုင်း ပြည်တွင်းဉပဒေ၌ သာမက နိုင်ငံတကာဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ တရားမဝင် နိုင်ငံတော်အာဏာရယူပြီးချိန်မှစ၍ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ သည် အပြစ်မဲ့ပြည်သူ ၁,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ခြင်း၊ အပြစ်မဲ့ပြည်သူ ၈,၀၀၀ ကျော်အား မတရားဖမ်းဆီးခဲ့ခြင်း၊ အပြစ်မဲ့ ပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ တိုင်းရင်းသား ဒေသများ၌ အကြမ်းဖက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းတို့အား ဆက်တိုက် ကျူးလွန်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာပြည်သူပြည်သူများသည် နယ်စပ်ကိုဖွင့်ပေးကာ ဒုက္ခသည်ပြည်သူများအား ဘေးအန္တရာယ်ကင်းဝေးပြီး လုံခြုံမှုရှိသည့် နယ်မြေအတွင်းသို့ ရောက်ရှိအောင် ခွင့်ပြုပေးသည့် ထိုင်းနိုင်ငံအား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါသည်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ပြည်သူများအား အကူအညီများ တိုးမြှင့်ပေးခဲ့သော ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအပါအဝင် မြေပြင်အခြေအနေတွင် ကနဦးဆုံးကူညီခဲ့သူများအား ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ ထို့ပြင် နယ်စပ်ရှိ မိမိတို့၏ပြည်သူများအပေါ် အကူအညီများကို ဆက်လက်ပေးအပ်နေခြင်းကြောင့်လည်း အိန္ဒိယနိုင်ငံ အစိုးရနှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များမှ တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2021-12-17

Date of entry: 

2021-12-18

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

852.75 KB

Resource Type: 

text

Text quality: 

    • Good