စစ်ရေးသတင်းထုတ်ပြန်ချက် - ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်တပ်များ ဝင်ရောက် တိုက်ခိုက် ရန်သူ့တပ်သား (၄၅) ဦးသေ၊ (၁၀) ဦးကျော် ဒဏ်ရာရ လက်နက်များ သိမ်းဆည်းရရှိ

Description: 

"၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ ၂၀၂၃ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေခံရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) ခရိုင်တပ်ရင်းများဖြစ်ကြသည့် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ တပ်ရင်း(၆)ရင်းတို့နှင့်အတူ ABSDF၊ HYPER UAV FORCE၊ ပကဖ ရဲဘော်များဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။ မနက်(၆)နာရီမှစတင်ပစ်ခတ်ခဲ့ပြီး စခန်းအတွင်းသို့ ဝင်ရောက်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ နယ်မြေခံရဲစခန်းအတွင်းသို့ မနက် (၉) နာရီတွင် ဝင်ရောက်နိုင်ခဲ့ပြီး စခန်းကို စတင်မီးရှို့ နိုင်ခဲ့ ပါသည်။ စတင်ဝင်ရောက်သည့်အချိန်တွင်ပင် ရန်သူ့ဘက်မှ တိုက်လေယဥ် တစ်စီးဖြင့် (၂) ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့သည်။ ဆက်လက်ပြီး ရန်သူ့တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဥ် တို့ဖြင့် (၇) ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့အကြိမ်များစွာ လာရောက်ပစ်ခတ်ခဲ့သော်လည်း မိမိတို့ တပ်ပေါင်းစု ရဲဘော်များအနေဖြင့် လုံးဝ နောက်မဆုတ်ဘဲ ရဲစခန်းအတွင်းသို့ (၄) ကြိမ်တိတိ ပြန်လည် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ (၄) ကြိမ်တိတိ ဝင်ရောက်ကာ စခန်းကိုသိမ်းရန် ကြိုးစား ခဲ့သော်လည်း နေ့လည် ၂ နာရီ ခန့်တွင် Mi-17 ဖြင့် (၃) ကြိမ်တိတိ စစ်ကူလာချသဖြင့် မိမိတို့ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ပြန်လည်ဆုတ်ခွာချိန်တွင် ရန်သူ့စခန်း၏ (၇၅) ရာခိုင်နှုန်းခန့်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ရန်သူ့ ဘက်မှ (၄၅)ဦး ခန့်သေဆုံးပြီး၊ (၁၀)ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။ G3(၄)လက်၊ G4(၁)လက်၊ G3 မောင်းတုံး(၁)ခု၊ ကျည်ဘောက်(၄)ခု၊ လက်ပစ်ဗုံး(၂)လုံး၊ စကားပြောစက်(၂)လုံး၊ ဖုန်း(၇)လုံး၊ Laptop (၁)လုံး၊ ဓား(၁)လက်၊ ငွေ(၆၀၈၀၀)ကျပ်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။ တိုက်ပွဲအတွင်း မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ရင်သွေး ရဲဘော်(၂)ဦး ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်အတွက် အသက်ပေးလှူသွားခဲ့ပြီး ရဲဘော်တစ်ဦး နင်းမိုင်းမိကာ ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသည်။ အခြားထိခိုက်ဒဏ်ရာရသူ (၉)ဦး (မစိုးရိမ်ရ)ရှိခဲ့ပြီး ကျန်ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာ နိုင်ခဲ့ပါသည်။ တိုက်ပွဲမပြီးခင်ချိန်တွင်လူမှုကွန်ရက်များပေါ်သို့တိုက်ပွဲနှင့်ပတ်သက်သောသတင်းအမှားများ ပြန့်နှံ့ ခဲ့ပါသည်။ တိုက်ပွဲမပြီးဆုံးခင်တွင် လူမှုကွန်ရက်များပေါ်သို့ တိုက်ပွဲသတင်းပြန့်နှံ့ခြင်းမရှိစေရန် သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်က ကြပ်မတ်စိစစ်ရမည်ဖြစ်ပြီး သတင်းမီဒီယာများအနေဖြင့်လည်း တိုက်ပွဲမပြီးဆုံးခင် သတင်းထုတ်ပြန်မှုများကို စောင့်စည်းထိန်းချုပ်ပေးပါရန် လေးစားစွာ ညှိနှိုင်းရင်း ယခုတိုက်ပွဲ သတင်းကို ထုတ်ပြန် အပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-04-03

Date of entry: 

2023-04-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

595.63 KB

Resource Type: 

text

Text quality: 

    • Good