Chinland Defense Force - Kalay Kabaw Gangaw: Announcement No.1/2021 - ကြေငြာချက်အမှတ် (၁/၂၀၂၁)

Description: 

"သဘောထားထုတ်ပြန်ကြေငြာချက် ကြေငြာချက်အမှတ် (၁/၂၀၂၁) ရက်စွဲ။ ၂၀၂၁ခုနှစ်၊ ဇူလိုင်(၉) ရက် ၁။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ခုခံကာကွယ်ရန်အတွက် Chinland Defense Force ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ မိမိတို့ဒေသ အနေဖြင့် မိမိကိုယ်ကိုခုခံ ကာကွယ်ခြင်းကို ဧပြီလကတည်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂။ ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force—Kalay Kabaw Gangaw (CDF-KKG) ကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ ၃။ CDF-KKG သည် အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူ့ လက်ဝယ်ပြန်လည်ထားရှိရေး၊ အရပ်သားအုပ်ချုပ်ကွပ်ကဲမှု(Civilian Supremacy) ဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုနိုင်ငံတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားပါမည်။ ၄။ CDF-KKG သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ ချင်းအမျိုးသားတပ် မတော် (CNA)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲ ဝင်မည်။ ၅။ CDF-KKG သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှဖွဲ့စည်းထူထောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးတွဲ၍ ခုခံကာကွယ်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်။ ပြည်သူ့တော်လှန်ရေး အောင်ရမည်။..."

Source/publisher: 

Chinland Defense Force - Kalay Kabaw Gangaw

Date of Publication: 

2021-07-09

Date of entry: 

2021-07-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

82.66 KB

Resource Type: 

text

Text quality: 

    • Good