Condemns the terrorist regime's declaration of citizenship revocation - အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံသားဖြစ်မှု ရုပ်သိမ်းကြောင်း ကြေညာချက် အပေါ် ရှုံ့ချခြင်း။

Description: 

"အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်များနှင့် ထင်ရှားကျော်ကြားသော မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများကို ခြိမ်းခြောက်ရန် မြန်မာနိုင်ငံသားဥပဒေကို အလွဲသုံးစားပြုခြင်းအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရမှ ပြင်းထန်စွာရှုံ့ချသည်။ စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ နှင့်ထင်ရှားကျော်ကြားသော ဝန်းရံသူများကို ဤကဲ့သို့ ယုတ်ညံ့စွာ ဒဏ်ခတ်အရေးယူခြင်းသည် နိုင်ငံတကာ ဥပဒေများအရ သော်လည်းကောင်း မြန်မာနိုင်ငံသား ဥပဒေအရ သော်လည်းကောင်း အကျုံးမဝင်ပါ။ ယခုကဲ့သို့ နိုင်ငံရေး တိုက်ခိုက်မှုပြုလုပ်ခြင်းဖြင့် ၎င်းတို့တရားဝင်မှုရရှိအောင် ကြိုးပမ်း အားထုတ်ခြင်းသည် တရားဝင်မှု မရှိသလို ဥပဒေနှင့်လည်း ဆန့်ကျင်နေပါသည်။ စစ်အုပ်စုမှ မြန်မာနိုင်ငံသားဥပဒေ၏ ပုဒ်မ ၁၆ ကို ကျဉ်းမြောင်းသော အဓိပ္ပါယ် သတ်မှတ်ကန့်သက်မှု အခြေအနေတွင်သာ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံကူး လက်မှတ်ရုပ်သိမ်းပိုင်ခွင့်ကို ကိုးကားထားပါသည်။ ဖော်ပြပါအခြေအနေအရ အခြားနိုင်ငံတစ်ခုတွင် ရာသက်ပန် နိုင်ငံသားခံယူမှုသာ ပါဝင်အကြုံးဝင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိသမ္မတကြီး ဒူဝါလရှီးလမှ စစ်အုပ်စု၏ အခြေအမြစ် မရှိသော စွပ်စွဲချက်အပေါ် ပြန်လည်ပြောကြားသည်မှာ - “နိုင်ငံသားဥပဒေ ပုဒ်မ ၁၆ နှင့် ၁၇မှ လုပ်ပိုင်ခွင့်မှာ မြန်မာနိင်ငံသား တစ်ဦးသည် အခြားနိုင်ငံတစ်ခုတွင် နိုင်ငံသားခံယူပြီး အခြေချ နေထိုင်မှသာ အကျုံးဝင်မည် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်များအားလုံးသည် တရားမဝင် အာဏာကို လုယူထားသော လူသတ်အဖွဲ့အား အနိုင်ယူပြီးပါက နိုင်ငံတော်သို့ ပြန်လည်ကာ တာဝန်ထမ်းဆောင်ကြမည်ကို ကျွန်ုပ်တို့နိုင်ငံသားအားလုံးမှ နားလည် သဘောပေါက်ပြီး ဖြစ်သည်။” ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကျွမ်းကျင်သူလည်း ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး မှလည်း - “အကြမ်းဖက်စစ်အုပ်စုသည် မြေပြင် တိုက်ပွဲများတွင် အကြိမ်ကြိမ် ထိခိုက်နစ်နာနေရသဖြင့် ယခုကဲ့သို့လုံး၀အခြေအမြစ်မရှိသည့် ထုတ်ပြန်ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်မှာ သိသာထင်ရှားလျှက်ရှိသည်။ ယခုကဲ့သို့တိုက်ခိုက်မူသည် မည်သို့မျှ တရားမဝင်ကြောင်းကိုလည်း စစ်အုပ်စုမှသိရှိပြီး ဖြစ်သည်။ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၁၇ ပြဌာန်းချက်မှာ မြန်မာနိုင်ငံသားတဦးတယောက်သည် အခြားနိုင်ငံခြား တိုင်းပြည် တခုခုတွင် နိုင်ငံသားအဖြစ် ပြောင်းလဲခံယူပြီး၊ အခြေချနေထိုင်မှသာလျှင် ယခုကဲ့သို့ နိုင်ငံသားဖြစ်မူကို ရုပ်သိမ်းပိုင်ခွင့်ရှိခြင်း ဖြစ်သည်။ အခြားအကြောင်း တစုံတရာဖြင့် နိုင်ငံသားဖြစ်မူကို ရပ်စဲရုပ်သိမ်းပိုင်ခွင့် လုံး၀မရှိကြောင်း ဥပဒေတွင် အတိအလင်းပြဌာန်းထားသည်”- ဟုပြောကြားလိုက်သည်။ ဆက်လက်၍ တရားရေးဝန်ကြီး ဦးသိန်းဦးမှ- လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်လည်ရေးဆွဲသွားမည်ဟု တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်နှင့် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များကို ယခုကဲ့သို့ အဓိပ္ပါယ်မဲ့ တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်သွားစေမည်ဟု စစ်အုပ်စုမှ တွေးထင်နေခြင်းသည် သာလျှင် ၎င်းတို့အနေဖြင့် မည်မျှထင်ယောင်ထင်မှား ဖြစ်နေသည်ကို သိသာစေပါသည်။ ၎င်းတို့တွေးထင်နေသလို မဖြစ်သည့်အပြင် မြန်မာနိုင်ငံတော်သစ်ကြီးဆီသို့ ငြိမ်းချမ်းမူနှင့် တရားမျှတမူ ယူဆောင်လာသည့်အခါ ကျွန်ုပ်တို့မှ စစ်အုပ်စုအဖွဲ့ဝင်များအား နိုင်ငံသားဖြစ်မူကို ရုပ်သိမ်းမည် မဟုတ်သော်လည်း၊ စစ်အုပ်စု ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မူများနှင့် ရက်စက်ယုတ်မာမူများအား ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်မည့် တရားစီရင်မူကို ပြုလုပ်သွားမည် ဖြစ်သည်” -ဟု ပြောကြားလိုက်သည်။..."

Source/publisher: 

Ministry of Justice

Date of Publication: 

2022-04-04

Date of entry: 

2022-04-04

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

148.88 KB

Resource Type: 

text

Text quality: 

    • Good