Decriminalise agro-forestry! A primer on shifting cultivation in Myanmar - သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

Topic: 

Description: 

"Shifting cultivation is a form of agro-forestry in which the cultivation of annual agricultural crops is combined with fallowing long enough for trees to grow before the plot is cultivated again. Why is shifting cultivation so controversial, and why do different stake­holders hold such divergent views - for some a valuable and honourable tradition but for others virtually a criminal activity?..." ''ဤစိုက်ပျိုးရေးစနစ်သည် ကမ္ဘာတစ်လွှား တွင်တွင်ကျယ်ကျယ် ပျံ့နှံ့ရေပန်းစားတဲ့ စနစ်တစ်ခုဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံရှိ လက်လုပ်လက်စား ကျေးလက်နေလူထုလူတန်းစား သန်းပေါင်းများစွာသည် ရွှေ့ပြောင်းတောင် ယာစနစ်ကို ပင်မအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အနေဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကျင့်သုံးလာခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိလည်း နိုင်ငံတစ်နံတစ်လျားရှိ ရပ်ရွာအသိုက်အဝန်းနှင့် အိမ်ထောင်မိသားစုပေါင်းများစွာ၏ စားနပ်ရိက္ခာဖူလုံရေးကို ဆက်လက်ထောက်ပံ့ပေးနေဆဲဖြစ်သလို တောင်သူတွေကိုယ်၌လည်း ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းတန်ဖိုးထားနေကြဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုအစောပိုင်းမှစ၍ နိုင်ငံအစိုးရအမြောက်အများက ၎င်းတို့လိုလားနှစ်ခြိုက်သည့် အတည် တကျစိုက်ပျိုးရေးပုံစံထက် သိမ်နုပ်သည့် စနစ်တစ်ရပ်လို စတင်ရှုမြင်လာခဲ့သည်။ ထိုအမြင်သဘောထားမျိုးဖြင့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ဆိုးရွားလွန်းသဖြင့် အမြစ်ပြုတ်မြေလှန်ဖယ်ရှားရန် လိုအပ်သည့် ပြဿနာတစ် ရပ်ကဲ့သို့ ပုံဖော်လာခဲ့သည်။ အမြဲတမ်းလိုလို ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကို သစ်တောပြုန်းတီးစေ သည့် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဝေဖန်ပြစ်တင်လေ့ရှိပြီး အစိုးရဌာနများက အမြဲတမ်းလိုလို အနားပေးစိုက်ကွက်များကို ‘စွန့်ပစ်မြေ’ သို့မဟုတ် ‘မြေဖျင်း’ဟု ခေါင်းစဉ်တပ်သိမ်းယူကာ အခြားသောမြေယာအသုံး ပြုမှုပုံစံများအတွက် လုပ်ပိုင်ခွင့်ပြန်လည်ချပေးလျက်ရှိသည်။ ဤကဲ့သို့သော အရေးယူဆောင်ရွက်ချက်များက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလျက်ရှိသည့် နယ်မြေဒေသအများအပြားကို ဆင်းရဲနွမ်းပါးမှု၊ ဆုံးရှုံးနစ်နာမှုနဲ့ ပဋိပက္ခများဆီသို့ ဦးတည်တွန်းပို့လျက်ရှိသည်။ ရွှေ့ပြောင်းတောင်ယာက ဘာကြောင့်ဒီလောက်ထိ ဝိရောဓိဖြစ်နေရသလဲ။ မတူကွဲပြားတဲ့ အကျိုးပတ်သက်ပါ ဝင်သူတွေရဲ့ အမြင်သဘောထားတွေ ဘာကြောင့်ဒီလောက်ထိ ကွဲလွဲနေကြသလဲ။ တစ်ဖက်က လေးလေးစား စားတန်ဖိုးထားကျင့်သုံးနေတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်နေပေမယ့် အခြားတစ်ဖက်ကတော့ ရာဇဝတ်မှုကျူးလွန်တဲ့ ပြစ်မှုတစ်ခုလိုဘဲ သဘောထားနေကြတာ ဘာကြောင့်လဲ။...''

Creator/author: 

Source/publisher: 

Transnational Institute (TNI)

Date of Publication: 

2019-01-17

Date of entry: 

2019-01-21

Grouping: 

  • Individual Documents

Category: 

Geographic coverage: 

    • Myanmar

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ), English

Local URL: 

Format: 

pdf pdf

Size: 

1.78 MB 416.47 KB

Resource Type: 

text

Text quality: 

    • Good