Federal Health Professional Council Announcement No.2/2022 - ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၂)

Description: 

"၁။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC) ကို တော်လှန်ရေးကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူး‌ပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူများဖြင့် (၁-၁၂-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂။ မြန်မာနိုင်ငံဆေးကောင်စီ (Myanmar Medical Council - MMC) သည် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေ (၂၀၁၅ ခုနှစ်)၊ အခန်း (၂)၊ ရည်ရွယ်ချက်များတွင် ပြဋ္ဌာန်းထားသည့် “အရည်အသွေး ပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှုပတ်ဝန်းကျင် ဖြစ်ထွန်းစေရန်’’ အစရှိသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administration Council – SAC) ၏ လက်ကိုင်တုတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ ၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆေးကောင်စီ (MMC) သည် ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုပြီး ဆရာဝန်များနှင့် ကျန်းမာ‌ရေးဝန်ထမ်းများအပေါ် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အလိုကျ ဖိနှိပ်ဆောင်ရွက်နေမှုများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး အဆိုပါဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်ဆောင်ရွက်နေမည်ဆိုပါက မြန်မာနိုင်ငံဆေးကောင်စီ (MMC) ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။..."

Source/publisher: 

Federal Health Professional Council

Date of Publication: 

2022-02-08

Date of entry: 

2022-02-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

287.94 KB

Resource Type: 

text

Text quality: 

    • Good