Good Governance and the Extractive Industry in Burma: Complications of Burma?s Regulatory Framework (Burmese/ မြန်မာဘာသာ )

Description: 

မြန်မာနိုင်ငံ အစိုးရအတွက် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ခြေလှမ်းလျှက်ရှိသည်ဟု ဆိုနိုင်သော်လည်း၊ မြန်မာအစိုးရမှာ ကောင်းမွန်သည့် အစိုးရအုပ်ချုပ်ရေး စနစ် ဖြစ်ရန် အလှမ်းဝေးနေပါသေးသည်။ မြန်မာအစိုးရအနေဖြင့် ၎င်းကိုယ်၌က သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးနှင့် ရေရှည် တည်တံ့စေရေးအတွက်၊ ?ကောင်းမွန်သည့် အစိုးရအုပ်ချုပ်ရေးစနစ်? လမ်းညွှန်မူများနှင့် ကိုက်ညီသည့်၊ လျော်ကန်သော မူဝါဒအခြေခံ မူဘောင်တစ်ခုမချမှတ်နိုင်သမျှ ကာလပတ်လုံး၊ နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် ကော်ပိုရေးရှင်းကြီးများ၏ စည်းမျဉ်းများက သဘာဝသယံဇာတများ အဟောသိကံဖြစ်ရမှု၊ ပျက်စီး ဆုံးရှုံးနေရမှုကို လျှော့နည်း ကျဆင်းစေလိမ့်မည် မဟုတ်ပေ။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းသည်လည်း ဤသို့ပတ်ဝန်းကျင် ဆုံးရှုံးထိခိုက် ပျက်စီးစေမည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ဥပဒေမူဘောင်များက အထူးသဖြင့် သဘာဝသယံဇာတ ထုတ်လုပ်သည့်လုပ်ငန်းများတွင် ဤသို့ နိုင်ငံတကာ စံချိန်စံနှုန်းများကို ပြည့်မီသည့်အခါမှသာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပြုသင့်ပါသည်။ ထိုသို့မဟုတ်ပါက စဉ်းစားဖွယ်ပင် မရှိပါ။ ဤအချက်မှာ ရင်းနှီးမြှုပ်နှံသူများ၊ ကော်ပိုရေးရှင်းကြီးများ၊ ပါဝင်ပတ်သက်နေသည့် အစိုးရများ၊ အစိုးရများ အကြား ပူးပေါင်းဆောင်ရွက်ရေး အသင်းအဖွဲ့များနှင့် မြန်မာအစိုးရ အပေါ် နည်းလမ်းပေါင်းစုံနှင့် ဖိအား သက်ရောက်စေသည့် အုပ်စုများအတွက်ကတိပြုရမည့် တောင်းဆိုချက်ပင် ဖြစ်ပါသည်။ ပြောင်းလဲရန်လိုအပ်နေသည့် မူဝါဒ ဆိုင်ရာအရေးကို ဆိုင်းငံ့ဖင့်လေးထားပါက၊ ပါဝင်ပတ်သက်နေသည့် အင်အားစုအားလုံးအနေဖြင့် ကောင်းမွန်သည့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်စေရန် လိုအပ်ချက်တာဝန်များကို လျစ်လျူရှုထားသည့် သဖွယ် ဖြစ်နေစေပါလိမ့်မည်။ အောက်ဖော်ပြပါ အကြံပြုချက်များကို ကုလသမဂ္ဂ၏ အခွင့်အရေးများဆိုင်ရာ ရှုထောင့်မှ ချည်းကပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ ၎င်းတို့၏ ချည်းကပ်မှုအရ ?ပြည်သူများကို သူတို့ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လှုပ်ရှားဆောင်ရွက်သူများဟု အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။ အထောက်အပံ့ခံ အပြုခံများဟူ၍ မသတ်မှတ်သင့်ပါ။

Source/publisher: 

Shwe Gas Movement

Date of Publication: 

2013-07-16

Date of entry: 

2013-07-17

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.15 MB