Handbook on Habeas Corpus in Myanmar - Burmese (မြန်မာဘာသာ)

Description: 

နိဒါန်းနှင့် အနှစ်ချုပ် အပြည်ပြည်ဆိုင်ရာဥပဒေမှ လူသားတစ်ဦးချင်း၏ အခွင့်အရေးဖြစ်သည့် လွတ်လပ်ခွင့်ကို တရား လက်လွတ်ဆုံးရှုံးခံရမှုအပေါ် လျင်မြန်သော တရားရေးကျင့်ထုံးဥပဒေ ဆောင်ရွက်ပေးခြင်း အခွင့်အရေးအတွက် အာမခံပေးထားရာ ၎င်းတွင် အမှီအခိုကင်း၍ ဘက်မလိုက်သည့်တရားရုံးမှ ၎င်းတို့အား ဥပဒေအရ ထိန်းသိမ်းခံထား ရမှုအပေါ် သုံးသပ်ပြီး မှားယွင်းစွာထိန်းသိမ်းခံရသူများအား လွှတ်ပေးရန် အမိန့်ပေးပိုင်ခွင့်ရှိသည်။1 အဆိုပါ လုပ်ထုံး လုပ်နည်းသည် အင်္ဂလိပ်ရိုးရာဥပဒေ (common law) ကို အခြေခံထားသော ဥပဒေစနစ်များပါ လျှောက်ထားလွှာ ဖြစ်သည့် တရားရုံးရှေ့တော်သွင်း စာချွန်တော်အမိန့်ကို ယေဘုယျအားဖြင့် ရည်ညွှန်းပါသည်။2 ယင်းအခွင့်အရေး သည် ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရမှုမှ လွတ်မြောက်ခွင့်ကို တရားလက်လွတ်ဆုံးရှုံးခြင်း ကြုံတွေ့သည့် မည်သူမဆို တရားရုံးတွင် အမှုခင်းဆိုင်ရာဆောင်ရွက်ချက်ရပိုင်ခွင့်ရှိသည်။ သို့မှသာ တရားရုံးမှ နှောင့်နှေးမှုမရှိဘဲ ထိန်းသိမ်းမှုသည် ဥပဒေနှင့်အညီ ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ပေးပြီး၊ အကယ်၍ တရားဥပဒေနှင့် အညီမဖြစ်ပါက ပြန်လည်လွှတ်ပေးရန် အမိန့်ထုတ်ဆင့်ခြင်းပြုရမည်။3 တရားရုံးတွင် ထိန်းသိမ်းခြင်းဆိုင်ရာ တရားဝင်မှု ရှိ၊ မရှိ (lawfulness)ကို စိန်ခေါ်နိုင်ခွင့်သည် မိမိကိုယ် ကိုရပ်တည်နိုင်သည့် လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ၎င်းအား ငြင်းကွယ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်သည်။4 တရားရုံးရှေ့တော်သွင်းစာချွန်တော်အမိန့်သည် ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို တရားစီရင်ရေးအမိန့်ဒီဂရီအားဖြင့် ကာကွယ်မှုပေးရာ ၎င်းတွင် ထိန်းသိမ်းခံရသူအား တရားသူကြီးမျက်မှောက်သို့ ခေါ်ဆောင်ရန် အမိန့်ထုတ်ဆင့်ပြီး ထိန်းသိမ်းခံရသူသည် ဥပဒေနှင့်အညီ ထိန်းသိမ်း ခြင်းဖြစ်သည်ကို ဆုံးဖြတ်နိုင်ခြင်း၊ သင့်တင့်လျောက်ပတ်ပါက ထိန်းသိမ်းခံရသူကို ပြန်လည်လွှတ်ပေးနိုင်ရန် အမိန့် ထုတ်ဆင့်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။5 မြန်မာနိုင်ငံ၏ စစ်တပ်အုပ်ချုပ်ရေးလက်အောက်တွင် ဥပဒေအရသော်လည်းကောင်း သို့တည်းမဟုတ် လက် တွေ့ဆောင်ရွက်မှုအားဖြင့်သော်လည်းကောင်း ဥပဒေနှင့်အညီဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းအား သုံးသပ်သည့် တရားစီရင်ရေးအတွက် ထိရောက်သောယန္တရား မရှိခဲ့ပေ။6 မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ကြီးမား သော (မမျှော်လင့်ထားသော) တိုးတက်မှုတစ်ရပ်မှာ တရားရုံးရှေ့တော်သွင်း စာချွန်တော်အမိန့်ဆိုင်ရာ စာချွန် တော်အမိန့်ကို ပြန်လည်မိတ်ဆက်ထည့်သွင်းပေးခြင်းဖြစ်သည်။7 ထိုအချိန်မှစ၍ အစိုးရက ?၂၀၁၄ ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေ” ကိုပြဋ္ဌန်းခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အဆိုပါဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်မှုအတွက် နည်းဥပဒေသများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းပေးထားပါသည်။8တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးကာကွယ်မှု အားကောင်းလာစေရေး လုပ် ငန်းစဉ်ကို ကူညီတွန်းအားပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) အနေဖြင့် နိုင်ငံ တကာဥပဒေနှင့် မြန်မာနိုင်ငံ၏လက်ရှိ ပြည်တွင်းဥပဒေတို့အရ တရားရုံးရှေ့တော်သွင်း စာချွန်တော်အမိန့်နှင့် စပ်ဆက်မှုရှိသည့် ဥပဒေဆိုင်ရာ ဤဆွေးနွေးမှုစာတမ်းကို ရေးသားထားပါသည်။ အောက်ပါအချက်များသည့် အထူးအရေးပါသော အချက်များဖြစ်သည်။ • တရားလက်လွတ် သို့မဟုတ် တရားမဝင် ဖမ်းဆီးခြင်း (သို့မဟုတ်) ထိန်းသိမ်းခြင်းကို စိန်ခေါ်မှုပြုရန်အတွက် အပြည်ပြည်ဆိုင်ရာစံနှုန်း?

Source/publisher: 

International Commission of Jurists (ICJ)

Date of Publication: 

2016-05-00

Date of entry: 

2016-06-28

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.41 MB