Joint statement by GAVI, UNICEF and WHO on efforts to accelerate COVID vaccine availability in Myanmar - မြန်မာနိုင်ငံတွင် COVID ကာကွယ်ဆေးရရှိမှုအရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုများနှင့် စပ်လျဥ်း၍ GAVI၊ UNICEF နှင့် WHO တို့၏ ပူးတွဲကြေညာချက်

Description: 

"YANGON, 30 September 2021 - Myanmar’s low levels of COVID vaccination coverage compared to other countries in the Southeast Asia Region, combined with limited capacity for testing and disease control, has resulted in a serious COVID-19 outbreak. Since the onset of the pandemic, more than 460,000 COVID-19 cases and almost 18,000 deaths have been reported in Myanmar, with 318,249 cases and 14,422 deaths occurring since May 1st. To date, only 6.8 per cent of the population has received two doses of COVID-19 vaccine, while an additional 13.1 per cent has received at least one dose. Until broad coverage of COVID-19 vaccination is achieved, the situation is unlikely to improve. As part of efforts by the United Nations and its partners to accelerate COVID-19 vaccination availability, the COVAX[1] facility has preliminarily allocated 6.2 million doses of COVID-19 vaccines for Myanmar. These doses must be distributed according to WHO prioritization guidelines. Final allocation of these vaccine supplies to Myanmar will be contingent on whether they can be delivered at the required speed and scale to all Myanmar people, in a neutral and impartial manner, irrespective of their ethnicity, gender, socio-economic status or political affiliation. It will also be contingent on the availability of appropriate cold chain infrastructure and on guarantees around the safety of health care workers being in place. In this regard, GAVI, UNICEF and WHO are engaging in ongoing dialogue with key stakeholders to identify the modalities through which the above conditions can be achieved, allowing this humanitarian response to proceed with the ultimate aim of saving lives and as a first step towards revitalizing Myanmar’s immunization system....မြန်မာနိုင်ငံတွင် COVID ကာကွယ်ဆေးရရှိမှုအရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုများနှင့် စပ်လျဥ်း၍ GAVI၊ UNICEF နှင့် WHO တို့၏ ပူးတွဲကြေညာချက် ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် - အရှေ့တောင်အာရှဒေသရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ရောဂါစစ်ဆေး ထိန်းချုပ်နိုင်မှု အကန့်အသတ်ရှိခြင်းနှင့်အတူ COVID ကာကွယ်ဆေးထိုးပေးနိုင်မှု နည်းပါးခြင်းသည် COVID-19 ရောဂါအပြင်းအထန်ပျံ့နှံ့ခြင်းကို ဖြစ်ပွားစေခဲ့ပါသည်။ ကူးစက်ရောဂါဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရမှု ဖြစ်ရပ် ၄၆၀,၀၀၀ ကျော်ရှိပြီး ၁၈,၀၀၀ ကျော်ဦးရေ သေဆုံးခဲ့သည်ဟု အစီရင်ခံမှတ်တမ်းအရသိရှိခဲ့ပြီး မေလ ၁ရက်မှစ၍ ကူးစက်ခံရမှု ဖြစ်ရပ် ၃၁၈,၂၄၉ နှင့် သေဆုံးသူ ၁၄,၄၂၂ ဦးရေ ရှိခဲ့ပါသည်။ ယနေ့အထိ လူဦးရေ၏ ၆.၈ ရာခိုင်နှုန်းသာ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီး နောက်ထပ် ၁၃.၁ ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ်ထိုးထားပါသည်။ COVID-19 ကာကွယ်ဆေးထိုးပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိသေးလျှင် ရောဂါကူးစက်မှုကာကွယ်နိုင်ခြင်းအခြေအနေ တိုးတက်စေမှုအားနှောင့်နှေးစေနိုင်ပါသည်။ ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များ၏ COVID-19 ကာကွယ်ဆေးထိုးခြင်း အရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် COVAX[1] ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ၆.၂ သန်းကို ဦးစွာပဏာမခွဲဝေပေးထားခဲ့ပါသည်။ ၄င်းကာကွယ်ဆေးများကို WHO ၏ ဦးစားပေးလမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေရပါမည် ဖြစ်ပါသည်။ ၄င်းကာကွယ်ဆေးအထောက်အပံ့များကို မြန်မာနိုင်ငံအတွက် ခွဲဝေကူညီထောက်ပံ့ရန် နောက်ဆုံး အတည်ပြုခြင်းသည် မြန်မာပြည်သူများအားလုံးထံသို့ လူမျိုး၊ ကျားမ၊ လူမှုစီးပွားအဆင့်အတန်း၊ သို့မဟုတ် နိုင်ငံရေးနှီးနွယ်မှုအရ ခွဲခြားခြင်းမပြုဘဲ ဘက်မလိုက်သောပုံစံဖြင့် လိုအပ်သောအရှိန်အဟုန်၊ အတိုင်းအတာဖြင့် ပို့ဆောင်ပေးနိုင်ခြင်းရှိမရှိ အပေါ်တွင်မူတည်ပါသည်။ ထို့အပြင် ကာကွယ်ဆေးအတွက် သင့်လျော်သော အအေးခန်းများထားရှိနိုင်မှုနှင့် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၏ လုံခြုံရေးအတွက် အာမခံချက်များအပေါ်တွင်လည်း မူတည်မည် ဖြစ်ပါသည်။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ GAVI, UNICEF နှင့် WHO တို့သည် လိုအပ်သောအခြေအနေများ ပြည့်မှီစေနိုင်သည့် နည်းလမ်းများအားဖော်ထုတ်ရန်အတွက် အဓိကတာဝန်ရှိသည့် သက်ဆိုင်သူများနှင့် လက်ရှိတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြပါသည်။ ၄င်းဆွေးနွေးမှုသည် လူသားချင်း စာနာမှုဆိုင်ရာအထောက်အပံ့၏ အဓိကရည်မှန်းချက်ဖြစ်သော လူ့အသက်များအားကယ်တင်ခြင်းအား ဆက်လက်လုပ်ဆောင်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ကာကွယ်ဆေးထိုးခြင်းစနစ် ပြန်လည်အသက်၀င်စေရန် အတွက် ဦးတည်သော ပထမခြေလှမ်းတစ်ခုဖြစ်ပါသည်။..."

Source/publisher: 

World Health Organization (Geneva)

Date of Publication: 

2021-09-30

Date of entry: 

2021-10-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good