ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

Description: 

"ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက် ၃၀ ရက်၊ အောက်တိုဘာလ ၂၀၂၁ ခုနှစ် ၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဖက်ဆစ်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိ လူနေအိမ်များကို မီးလောင်တိုက်သွင်းမှုများကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အရပ်သား ပြည်သူများ၏ နေအိမ် (၃၀၀) ခန့် နှင့် ဘာသာရေးအဆောက်အအုံများ မီးလောင်ပျက်စီးသွားပါသည်။ ၂။ ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ် တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ချင်းပြည်နယ်ရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ငွေကြေးဥစ္စာပစ္စည်းများ ခိုးယူခြင်း နှင့် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခြင်းများ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို တရားလက်လွန် အကြမ်းဖက်မှု ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။ ၃။ ချင်းပြည်နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်၏ လေကြောင်း စစ်ဆင်ရေးများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များကို ပစ်ခတ်မှုများ၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ စစ်ဆင်ရေးများတွင် အရပ်သားပြည်သူများအား လူသားဒိုင်းအသုံးပြု နေမှုများ၊ လူမျိုးနွယ်စုများကို ရည်ရွယ်ချက်ရှိရှိ ပျက်သုဉ်းအောင်တိုက်ခိုက်နေမှုများ စသည့် ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်း ရပ်တန်းက ရပ်ရန် သတိပေးလိုက်သည်။ ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အပြည့်အဝ တာဝန်မှုရှိစေရေး၊ တရားဥပ‌ဒေအောက် အရောက်ခေါ်ယူ၍ ပြည်သူ့တရားစီရင်နိုင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ချိတ်တွဲလျက် ဖက်ဆစ်စစ်တပ်အပေါ် အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်။ ၅။ နိုင်ငံတကာမိသားစုများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများအနေဖြင့် ချင်းပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများအတွက် လိုအပ်နေသည့် လူမှုဘဝဆင်းရဲဒုက္ခများကို ဝိုင်းဝန်းကူညီပေး ကြပါရန် တောင်းဆိုတိုက်တွန်းလိုက်ပါသည်။..."

Source/publisher: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2021-10-30

Date of entry: 

2021-10-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

274.28 KB

Resource Type: 

text

Text quality: 

    • Good