ကလေးတက္ကသိုလ်အတွင်းတပ်စွဲထားတဲ့ စကစတပ်နဲ့ CDM မလုပ်တဲ့ပညာရေးဝန်ထမ်း ၁၂၆ ဦးကို လိုအပ်သလိုအရေးယူပေးဖို့ ကလေး တကသအဖွဲ့က PDF (Kalay), CDF နဲ့ ကလေးအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များထံတောင်းဆိုခြင်း

Description: 

"သို့ ၁။ ပြည်သူ့ကာကွယ်ရေးတပ်မဝောာ် (ကလေး) ၂။ CHINLAND DEFENSE FORCE (HEADQUARTERS) ၃။ ကလေးအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များ ရက်စွဲ။ ။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁) ရက် အကြောင်းအရာ ။ ။ (၁) ကလေးတက္ကသိုလ်အတွင်း မတရားကျူးကျော်ဝင်ရောက်ကာ ကျောင်းသားပြည်သူပိုင် အဆောက်အအုံနှင့် ပစ္စည်းများကို လုယက်ဖျက်စီးသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား ထိရောက်စွာအရေးယူပေးရန်နှင့် (၂) သာထွန်းမောင်၊ ဝင်းမာ၊ ထားထားရီ၊ ယောဟန်ထွန်း အပါအဝင် ကျွန်ပညာရေးဝန်ထမ်း (၁၂၆) ဦးအား လိုအပ်သလိုအရေးယူပေးနိုင်ရန် အသိပေးတောင်းဆိုခြင်း။ (၁) သာထွန်းမောင်မှ ကျောင်းသားပြည်သူပိုင် ကလေးတက္ကသိုလ်ပရဝုဏ်အတွင်း စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲစေကာ (က) မတ်လ (၁၂) ရက်၊ ၂၀၂၁ ခုနှစ်တွင် ကျောင်းဝန်းအတွင်းရှိ "CDM" ဝန်ထမ်းများအား ခြိမ်းခြောက်ပြီး နှုတ်ပိတ်ရန်ကြိုးပမ်းခဲ့သည်။ ထိုနေ့တွင်ပင် ကျောင်းဝန်းအတွင်း ဖြစ်လာသမျှပြဿနာများကို သူ (သာထွန်းမောင်) ကိုယ်တိုင် တာဝန်ယူပါမည်ဟု ကတိစကားများပြောဆိုခဲ့သည်။ (သာထွန်းမောင်ကိုယ်တိုင်ပြောဆိုခဲ့သည့် အသံဖိုင်နှင့်ဗီဒီယိုဖိုင်များ ယနေ့တိုင် မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါသည်။) (ခ) နောက်ပိုင်းတွင် သာထွန်းမောင်ကိုယ်တိုင် ကလေးတက္ကသိုလ်အတွင်းရှိ "CDM" ပြည်သူ့ဝန်ထမ်းများအား ဖိအားပေးကာ ဝန်ထမ်းအိမ်ယာများမှ ပြောင်းရွှေ့စေခဲ့သည်။ (ဂ) ကျောင်းသားတို့၏ အိပ်ဆောင်များဖြစ်သည့် ဗန္ဓုလအဆောင်နှင့် အောင်ဇေယျအဆောင်ရှိ ကျောင်းသားပိုင်ပစ္စည်းများအား စစ်ကောင်စီအကြမ်းဖက်လက်ပါးစေတို့၏ ဖျက်ဆီးလုယူမှုကို မျက်ကွယ်ပြုကာ ခွင့်ပြုခဲ့သည်။ (ဃ) ထိုသို့လုပ်ရပ်များကို သာထွန်းမောင်ဘက်မှ တာဝန်သိစွာဖြေရှင်းပေးရန် ကျွန်ုပ်တို့ "ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့" အနေနှင့် မေလ (၃) ရက်၊ ၂၀၂၁ခုနှစ်ပါ ရက်စွဲဖြင့် စာထုတ်ကာ အသိပေးပြီးဖြစ်ပါသည်။ ၂။ စစ်ကောင်စီမှ ဒုတိယပါမောက္ခချူပ်အဖြစ် ခန့်အပ်ခဲ့သော ဒေါ်ဝင်းမာ (ရူပဗေဒဌာန) သည်လည်း ကျွန်ပါးဝစွာ ပြည်သူ့ဝန်ထမ်း (၂၃၈) ဦးအား မေလ(၆)ရက်၊ ၂၀၂၁ခုနှစ်ပါရက်စွဲဖြင့် "ရာထူးမှယာယီဆိုင်းငံ့ကြောင်း" ထုတ်ပြန်ခဲ့ပါသည်။ ၃။ ထို့နည်းတူစွာ ကျွန်ဝန်ထမ်း ဒေါ်ထားထားလွင်ကလည်း ပြည်သူ့ဝန်ထမ်း (၂၃၂) ဦးအား ၊မေလ(၂၀)ရက်၊ ၂၀၂၁ခုနှစ်ပါရက်စွဲဖြင့် "ရာထူးမှထုတ်ပယ်ကြောင်းစာ" ကို စစ်ကောင်စီ၏ အမိန်ခံကာ ပြောင်ပြောင်တင်းတင်း ထုတ်ပြန်ခဲ့ပါသည်။ ၄။ ကျောင်းသားပြည်သူတို့နှင့်ဆန့်ကျင်ပြီး စစ်ဖိနပ်လျက်ပြီး လက်ရှိကလေးတက္ကသိုလ်ကျောင်းဝန်းအတွင်း စစ်အာဏာရှင်သစ္စာခံကာ တာဝန်ထမ်းဆောင်နေသော ယောဟန်ထွန်းနှင့် အပေါင်းအပါ (၁၂၆) ဦးတို့အား အမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ ရာထူးကိစ္စအဝဝကို တာဝန်ယူမည်မဟုတ်ကြောင်း၊ ဇူလိုင်လ (၂) ရက်၊ ၂၀၂၁ခုနှစ်ပါ (ကြေညာချက်အမှတ် ၁၅/၂၀၂၁) ဖြင့်၊ ကလေးတက္ကသိုလ် ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ၅။ ဩဂုတ်လ (၁၅) ရက်၊ ၂၀၂၁ခုနှစ်တွင် ကလေးတက္ကသိုလ်‌ပရဝုဏ် အတွင်းရှိ ကျေင်းသားကျောင်းသူများ အားထားရသော "ဆရာချစ်မိတ္တူကူးဆိုင်" အား ကျောင်းဝန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ၏ လက်ပါးစေတို့မှ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ၆။ ဖေဖော်ဝါရီလ (၁) ရက်မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်တို့ကြောင့် ကျွန်ုပ်တို့၏ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအာကာသူအောင်(ခ) Salai Tluang Tin Lain@LianTeအပါအဝင် နွေဦးတော်လှန်ရေးအာဇာနည်တို့၏သွေးများ မြေခခဲ့ရသည်မှာ ယနေ့တိုင် မခြောက်သေးပေ။ ထို့အပြင် ကျွန်ုပ်တို့သမဂ္ဂအဖွဲ့ဝင် ကိုဇင်မင်းထက်အပါအဝင် ကျောင်းသားပြည်သူတို့သည် စစ်ကောင်စီ၏ မတရားအကြမ်းဖက်ဖမ်းဆီးမှုကြောင့် ယနေ့တိုင် အကျဉ်းကျခံနေရသည်မှာ မိဘပြည်သူများ မျက်မြင်အသိပင်ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ (၁) ပြည်သူ့အခွင့်အာဏာအပ်နှင်းခြင်းမရှိဘဲ ပြည်သူ့ဝန်ထမ်းများအား "ဖိအားပေးနှင်ထုတ်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း" များပြုလုပ်ခဲ့သော စစ်အုပ်စုသစ္စာခံများနှင့် အပေါင်းအပါကျွန်ဝန်ထမ်း (၁၂၆) ဦးတို့အား လူကြီးမင်းတို့အဖွဲ့အစည်းအသီးသီးတို့မှ လိုအပ်သလိုအရေးယူမှုများ ပြုလုပ်နိုင်ပါရန်နှင့် (၂) အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေသည့် ကလေးတက္ကသိုလ်ပုရဝုဏ်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား ထိရောက်သောအရေးယူတုံ့ပြန်မှုများ ပြုလုပ်ပေးပါရန် လူကြီးမင်းတို့၏အဖွဲအစည်းများအား ကျွန်ုပ်တို့ ကလေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့မှ အသိပေးတင်ပြအပ်ပါသည်။ ကလေးတက္ကသိုလ်ကျောင်းသားများသမ္မဂ..."

Source/publisher: 

Kalay University Students' Union

Date of Publication: 

2021-09-01

Date of entry: 

2021-09-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

547.05 KB

Resource Type: 

text

Text quality: 

    • Good