Landmine Monitor: Myanmar/Burma Country Report November 2019 - ၂၀၁၉ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး မြန်မာ/ဗမာ နိုင်ငံအစီရင်ခံစာ

Description: 

"ပိတ်ပင်တားမြစ်ခြင်း ဆိုင်ရာ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့နှင့် ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ အသုံးပြုတားမြစ်ပိတ်ပင် ခြင်း ညွှန့်ပေါင်းအဖွဲ့အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL)အား ကမ္ဘာ့အဝှမ်းလူသတ်မိုင်းများ ရှင်းလင်းပပျောက်ရေးအတွက် ၁၉၉၂ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ICBL သည် နိုင်ငံ ပေါင်း(၇၀) နိုင်ငံတွင် ရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းပေါင်း ၁၃၀၀ ကျော် ပါဝင်သော ကွန်ယက်တခုဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် ငြိမ်းချမ်း ရေး နိုဘယ်လ်ဆုရခဲ့သည်။ ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ အသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်းညွှန့်ပေါင်းအဖွဲ့သည် ထပ်ဆင့် ပေါက်ကွဲလက်နက်များ ဖျက်သိမ်းပေးရန်၊ ယင်းလက်နက်ကြောင့် နောက်ဆက်တွဲထိခိုက်သေကြေဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အတွက် ကာကွယ်ဟန့်တားရန်နှင့် ထိုလက်နက် များကြောင့် အတိ ဒုက္ခရောက်မှုများကို ထာဝရ အဆုံးသတ်စေရန် စသည်တို့အတွက် ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်နေသော နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ကြီး ဖြစ်သည်။ မြေမြုပ်မိုင်းအသုံးပြုမှုစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ၁၉၉၇ခုနှစ် အိုတာဝါ သဘောတူစာချုပ်မိုင်း အသုံးပြုမှုပိတ်ပင်တားမြစ်ခြင်း သဘောတူစာချုပ်အား အကောင် အထည်ဖေါ်ခြင်းနှင့်ပတ်သက်၍ မှတ်တမ်းတင်သည်။ထို့အပြင် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ သည် ၂၀၀၈ခုနှစ်ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများဆိုင်ရာ သဘောတူချုပ် အကောင် အထည်ဖေါ်မှုကို မှတ်တမ်းတင်သည်။ ၎င်းနှစ်ဖွဲ့စလုံးသည် ယင်းလက်နက်များကြောင့် ဖြစ်ပေါ်လာသည့် အကြပ်အတည်းများအပေါ် နိုင်ငံတကာအသိုင်းအဝန်းက တုန့်ပြန် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း စောင့်ကြည့်လေ့လာသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့အထိ ကမ္ဘာ့အစိုးရစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြုပ်မိုင်း အသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်အား သဘောတူလက်ခံခြင်း (သို့မဟုတ်) လက်ခံကျင့်သုံးခြင်းများပြုလုပ်ခဲ့သည်။ နိုင်ငံပေါင်း ၁၂၀ က ထပ်ဆင့် ပေါက်ကွဲစေသောလက်နက်ပစ္စည်းများ အသုံးပြုမှုတာမြစ်ပိတ်ပင်ခြင်းသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်း (သို့မဟုတ်) လက်ခံကျင့်သုံးခြင်းများများပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် စာချုပ်နှစ်ခုစလုံးအား လက်မှတ်ရေး ထိုးခြင်း မပြုသေးပေ။ မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသောလက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေးအဖွဲ့သည် စာချုပ်ပါ အချက်များ မှန်ကန်ခြင်း ရှိမရှိ စစ်ဆေးသောအဖွဲ့မဟုတ်သကဲ့သို့ တရားဝင်စုံစမ်း စစ်ဆေးရေး အဖွဲ့လည်းမဟုတ်ပေ။ သက်ဆိုင်ရာအစိုးရများသည် လူသတ်မိုင်း ဆန့်ကျင် တိုက်ဖျက်ရေးတာဝန်ရှိမှုအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိမရှိလေ့လာသော သာမန်ပြည်သူများ၏ အားထုတ်ချက်တခုသာ ဖြစ်သည်။ စာချုပ်အားလက်မှတ်ရေးထိုးထားသော တိုင်းပြည်များအနေဖြင့် အစီရင်ခံ တင်ပြခြင်းစည်းကမ်းအား လိုက်နာလာစေရန် ရည်ရွယ်ခြင်း လည်း ဖြစ်သည်။ မိမိတို့ အစီရင်ခံစာသည် မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ ပြဿနာ၏ အခြေအနေကို ပိုမိုထင်သာမြင်သာဖြစ်လာစေရန်၊ လက်မှတ်ရေး ထိုးထားခြင်းမရှိသေးသော အစိုးရ၏မူဝါဒများ (သို့မဟုတ်)လုပ်ဟန်များကို ပိုမိုသိရှိ လာစေရန် အတွက်ရည်ရွယ် သည်။..."

Source/publisher: 

Landmine and Cluster Munition Monitor

Date of Publication: 

2019-11-00

Date of entry: 

2020-01-22

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.7 MB (34 pages)

Resource Type: 

text

Text quality: 

    • Good