National Unity Government: Ministry of Planning, Finance and Investment Announcement No.9/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၉/၂၀၂၁)

Sub-title: 

Announcement on Illicit Printing of Banknotes - ငွေစက္ကူများ တရားမဝင် ရိုက်နှိပ်ထုတ်ဝေခြင်းနှင့် စပ်လျဉ်းသည့်ကြေညာချက်

Description: 

"1. The Ministry of Planning, Finance, and Investment has received credible information that the illegitimate military council has made approaches to foreign banknote and security printing firms in order to seek assistance in printing new Myanmar kyat banknotes. 2. Issuance of currency is the sole prerogative of a nation's government. The National Unity Government has determined the illegitimate military council to be an unlawful association under Section 16 of the Unlawful Associations Act 1908. It shall remain so irrespective of its change of title, composition, or dissolution under Section 18 of the said Act. As such, any issuance of currency effected by the military council, its successor entities, and any of its subordinate or subsidiary associations, including the so-called 'caretaker government', shall be deemed to lack legitimacy. 3. Causing inflation by printing excess banknotes is, in effect, the theft of our people's labour and savings. As our nation faces unprecedented perils of conflict, poverty, and pestilence, all precipitated by the military council, such a reckless and irresponsible act that will cause harm to labourers, workers, households, businesses, and investors shall not be tolerated. 4. The National Unity Government calls upon the military council to desist from this act of economic sabotage. Likewise, the National Unity Government implores foreign banknote and security printing firms who have been approached, and those who may yet be approached by the illegal military council, to refrain from the printing of Myanmar kyat banknotes and from providing any raw materials, supplies, or system components that could be used in their production. 5. The National Unity Government calls upon all responsible firms to follow the example set by Giesecke+Devrient GmbH in March when it took an immediate, principled, and ethical step in halting all deliveries to the military council-controlled printer, Security Printing Works. 6. The National Unity Government shall consider any assistance provided to the illegal military council to print illicit banknotes as an act of aiding and abetting an unlawful association responsible for numerous and ongoing atrocities, including crimes against humanity and genocide.....၁။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် မြန်မာကျပ်ငွေစက္ကူအသစ်များ ရိုက်နှိပ်ရန်အလို့ငှာ ငွေစက္ကူပုံနှိပ်လုပ်ငန်း ဝန်ဆောင်မှုပေး သည့် ပြည်ပကုမ္ပဏီများထံ ချဉ်းကပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် ခိုင်လုံသည့် သတင်းအချက်အလက်များ လက်ခံရရှိထားပါသည်။ ၂။ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းဆိုသည်မှာ နိုင်ငံတစ်ခု၏ တရားဝင်အစိုးရကသာ လုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရသည် ၁၉၀၈ ခုနှစ် မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား မတရားသင်းတစ်ခုအဖြစ် အတိအလင်းကြေညာပြီးဖြစ်သည်။ ယင်းအက်ဥပဒေပုဒ်မ ၁၈ အရ အိမ်စောင့်အစိုးရအမည်ခံ စစ်ကောင်စီမှဖြစ် စေ၊ ယင်းကိုဆက်ခံသည့် အဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေခြင်း သည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်သည်။ ၃။ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ကျွန်ုပ်တို့ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲ စာစုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင်မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွား ရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူရိုက်နှိပ်ထုတ် ဝေခြင်းသည် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိသော လုပ်ရပ်သာဖြစ်သည်။ ၄။ ထို့ကြောင့် ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေသည့် ပြည်ပမှ ကုမ္ပဏီများအနေဖြင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းအား တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်ကြမ်းပစ္စည်းနှင့် နည်းပညာအထောက် အပံ့ ပေးခြင်းတို့ကို အထူးရှောင်ရှားကြရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ ၅။ ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ငွေစက္ကူ နှင့် ငွေကြေးဆိုင်ရာ စာချုပ်၊စာတမ်းများပုံနှိပ်စက် အတွက်အဓိက လိုအပ်သည့် နည်းပညာနှင့်ကုန်ကြမ်းတင်ပို့မှုများကို မူဝါဒခိုင်မာစွာ၊ ကျင့်ဝတ်မှန်ကန်စွာ၊ ချက်ချင်းရပ်စဲခဲ့သည့် Giesecke+Devrient GmbH ကုမ္ပဏီ၏ ဂုဏ်သိက္ခာရှိသည့် တာဝန်ခံဆောင်ရွက်မှုကို စံနမူနာထား၊ အတုယူ၍ အကြမ်းဖက်စစ်ကောင်စီနှင့် စီးပွားရေးဆက်ဆံ ဆောင်ရွက်မှုများ လုံး၀မပြုလုပ်ကြရန်လည်း တိုက်တွန်းအပ်ပါသည်။ ၆။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇဝတ်မှုအပါအဝင် ဆက်လက် ကျူးလွန်နေသည့် ရက်စက်ယုတ်မာမှုများ၊ မရေမတွက်နိုင်သော အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ဆက်စပ်နေသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့၊ တရားမဝင် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်းစဉ်တွင် တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများအား အကြမ်းဖက်မှုကို အားပေးကူညီရာမြောက်သည့်လုပ်ငန်းများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မှတ်တမ်းပြုစု၊ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။..."

Source/publisher: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-08-27

Date of entry: 

2021-08-27

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

34.31 KB 194.25 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: