National Unity Government: Ministry of Planning, Finance and Investment Notification No.3/2021 - စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ (၃/၂၀၂၁)

Description: 

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် ( ၃/၂၀၂၁ ) ၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် Covid 19 ချေးငွေ နောက်ဆုံးပြန်လည် ပေးဆပ်ရမည့် ရက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့အစား ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့သို့ သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်ခြင်း ================================== ၁။ နိုင်ငံတော်အတွင်း လယ်ယာထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်စေရန်နှင့် စိုက်ပျိုးရေး သွင်းအားစုများ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ ၂။ ၂၀၂၀ ပြည့်နှစ်တွင် Covid 19 ရိုက်ခတ်မှုကြောင့် တောင်သူလယ်သမားများ လူမှုစီးပွားရေး အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ Covid 19 ချေးငွေကိုလည်း ထုတ်ချေးပေးခဲ့ပါသည်။ ၃။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ နောက်ဆုံးပြန်ဆပ်ရမည့်ရက်အား ၂၀၂၁ ခုနှစ် ဧပြီလ (၁၅) ရက်နေ့အစား ၂၀၂၂ ခုနှစ် ဧပြီလ (၁၅) ရက်နေ့သို့ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၁) ဖြင့် သက်တမ်းတိုးမြှင့် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသည်။ ၄။ ယခုအခါ စစ်ကောင်စီ၏ အဆင်အခြင်မဲ့စွာ အာဏာသိမ်းမှုကြောင့် တောင်သူလယ်သမားများ အပါအဝင် ပြည်သူတစ်ရပ်လုံး ဘက်ပေါင်းစုံ အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အတွက် တောင်သူလယ်သမားများ သက်သာချောင်ချိရေးကို ရှေးရှု၍ ၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် Covid 19 ချေးငွေ ပြန်ဆပ်ပေးဆပ်ရမည့် ရက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့အစား ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့သို့ တစ်နှစ်တိတိသက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်သည်။ ၅။ ထိုကဲ့သို့ တစ်နှစ်တိတိ သက်တမ်းတိုးမြှင့် ပြင်ဆင်လိုက်သည့် ကာလအတွက် ဒဏ်တိုးပေးဆောင်ရန် မလိုအပ်သည့်အပြင် ချေးငွေအပေါ် ပုံမှန် ကောက်ခံသည့် အတိုး ၅ ရာခိုင်နှုန်းအားလည်း ကင်းလွတ်ခွင့်ပြုလိုက်သည်။ တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန..."

Source/publisher: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-09-12

Date of entry: 

2021-09-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

230.68 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: