National Unity Government: President Office Announcement No.4/ 2022 - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ကြေငြာချက် အမှတ် (၄/၂၀၂၂)

Sub-title: 

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရင်ဆိုင်နေရသော ဂမ်းဘီးယား-မြန်မာအမှုအတွက် ဥပဒေပညာရှင်အဖွဲ့ကြေငြာခြင်း

Description: 

"အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ရသည့် ဒုက္ခသည်များအတွက် တရားမျှတမှု ရရှိရေးသည် မိမိ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက ရိုဟင်ဂျာများအပေါ် ထိုးနှက်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးများနှင့် စပ်လျဥ်း၍ ယခုအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်တွင် ရင်ဆိုင်နေရသော အမှုသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူ တစ်ရပ်လုံးအတွက် အလွန်အရေးကြီး အလေးထားရမည့်ကိစ္စအဖြစ် ခံယူထားပါသည်။ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသော ယင်းအမှုနှင့် စပ်လျဥ်း၍ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၏လမ်းညွှန်မှုဖြင့် ကြေငြာထားပြီးဖြစ်ပါသည်။ ယင်းအမှုကို ချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရသည် ပဏာမကန့်ကွက်မှုများကို ရုပ်သိမ်းကြောင်း ၎င်း၏ ဆုံးဖြတ်ချက်အား တရားရုံးကို အသိပေးထားပြီး ဖြစ်ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့နှင့် လက်တွဲဆောင်ရွက်မည့် အောက်ပါပုဂ္ဂိုလ် (၂) ဦး ပါဝင်သော ဥပဒေအဖွဲ့သစ်ကို ယနေ့ ထုတ်ပြန် ကြေငြာအပ်ပါသည်။ ၎င်းပုဂ္ဂိုလ်(၂) ဦးမှာ - ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) သည် • ဟိဂ် (Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဉပဒေတက္ကသိုလ်၊ (The Hague Academy of International Law) အထွေထွေအတွင်းရေးမှူးချုပ် • Institute de droit International အဖွဲ့ဝင် • ပဲရစ်နောင်တဲတက္ကသိုလ် (University Paris Nanterre) ပါမောက္ခ • ပြင်သစ်လူ့အဖွဲ့အစည်း၏ နိုင်ငံတကာရေးရာ ဉပဒေဘုတ်အဖွဲ့ဝင် (Board Member of the French Society for International Law) • Annuaire Francais de Droit International စာစောင်၏ အယ်ဒီတာဘုတ်အဖွဲ့ဝင် • Paris Sygna Partners ဉပဒေအဖွဲ့၊ ပိုင်ရှင်အဖွဲ့ဝင် • ၁၉၉၂ ခုနှစ်မှ စတင်၍ (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံး၊ အမြဲတမ်း အနုညာတ ခုံသမာဓိရုံး၊ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာခုံရုံး၊ ဉပဒေဆိုင်ရာ တရားရုံး (European Court of Justice) များတွင် ဉပဒေအကြံပေးနှင့် ရှေ့နေအဖြစ်လည်းကောင်း၊ အတိုင်ပင်ခံရှေ့နေအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်။ Steven Powles QC သည် • နိုင်ငံတကာတရားရုံးများတွင် လူ့အခွင့်အရေး၊ မဟုတ်မမှန် အကျဉ်းချခြင်းနှင့် စစ်ရာဇ၀တ်မှုများတွင် အထူးကျွမ်းကျင်သည့် ရှေ့နေတစ်ဦးဖြစ်သည်။ ဥရောပလူ့အခွင့်အရေး တရားရုံးနှင့် အခြားသော နိုင်ငံတကာခုံရုံးများရှေ့တွင် ထင်ရှားခဲ့ပြီး နိုင်ငံတကာဥပဒေဆိုင်ရာ ထိပ်တန်းလက်တွေ့ကျမ်းတစ်စောင်ကို ရေးသားခဲ့သူဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် အထက်ပါဉပဒေရေးရာအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်လျက်ရှိသည့် အမှုကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေသည့် အထောက်အထားများကို ဆက်လက် ရှာဖွေစုဆောင်းပြီး တင်ပြသွားပါမည်။ International Criminal Court (ICC) ၏ စီရင်ပိုင်ခွင့်အာဏာကို ၂၀၀၂ ခုနှစ် နောက်ပိုင်း ကျူးလွန်သော Rome Statute တွင် အကျုံးဝင်သည့် ရာဇ၀တ်မှုအားလုံးအတွက် အပ်နှင်းပေးထားပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးကို ရည်မျှော်၍ လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အလေးထားသူအားလုံး၏ ပံ့ပိုးကူညီမှုအားလုံးကို ရယူကာ လက်တွဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။..."

Source/publisher: 

President Office, National Unity Government

Date of Publication: 

2022-02-15

Date of entry: 

2022-02-15

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

312.45 KB

Resource Type: 

text

Text quality: 

    • Good