Occupation of schools by security forces in Myanmar is a serious violation of children’s rights - မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ကျောင်းများတွင်တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်သည်

Sub-title: 

Joint Statement of Save the Children, UNESCO and UNICEF

Description: 

"YANGON, 19 March 2021 – The occupation of education facilities across Myanmar by security forces is a serious violation of children’s rights. It will exacerbate the learning crisis for almost 12 million children and youth in Myanmar, which was already under tremendous pressure as a result of the COVID-19 pandemic and ensuing widespread school closures. Save the Children, UNESCO and UNICEF call on security forces to vacate occupied premises immediately and ensure that schools and educational facilities are not used by military or security personnel. As of 19 March, security forces have reportedly occupied more than 60 schools and university campuses in 13 states and regions. In at least one incident, security forces reportedly beat two teachers while entering premises, and left several others injured. Other public institutions including hospitals have also been occupied. These incidents mark a further escalation of the current crisis and represent a serious violation of the rights of children. Schools must be not used by security forces under any circumstances. Save the Children, UNESCO and UNICEF remind security forces of their obligation to uphold the rights of all children and youth in Myanmar to education as enshrined in the Convention on the Rights of the Child, the Myanmar Child Rights Law, and the National Education Law and call on them to exercise maximum restraint and end all forms of occupation and interference with education facilities, personnel, students and other public institutions.....ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် – မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးအဆောက်အအုံများတွင် လုံခြုံရေးတပ်ဖွဲ့များက တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်ပါသည်။ နဂိုကတည်းကပင် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှုများကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမို ဆိုးရွားသွားစေမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှားပေးကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်။ မတ်လ ၁၉ ရက်အထိပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်တွင် တပ်စွဲထားကြောင်း သိရှိရသည်။ ဖြစ်ရပ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အအုံ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ဆရာမနှစ်ဦးအား ရိုက်နှက်ပြီး အခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု သိရှိရသည်။ ဆေးရုံများအပါအဝင် အခြားအများပြည်သူပိုင်အဆောက်အအုံများတွင်လည်း တပ်စွဲထားကြသည်။ ဤဖြစ်ရပ်များသည် လက်ရှိအကျပ်အတည်း ဆက်လက်အရှိန်မြင့်တက်လာ‌ခြင်းကိုပြပြီး ကလေးသူငယ် အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ပါသည်။ မည်သို့သော အခြေအနေမျိုးတွင်မှ ကျောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုရပါ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC)၊ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတို့တွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများအားလုံးကို စောင့်ထိန်းလိုက်နာရမည့် ၎င်းတို့၏ ဝတ္တရားများကို လုံခြုံရေးတပ်ဖွဲ့များအားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်ရပြီး အမြင့်ဆုံးကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် အခြားအများပြည်သူပိုင် အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ဝင်ရောက်နှောင့်ယှက်ခြင်းပုံစံမျိုးစုံကို အဆုံးသတ်ရန် ကျွန်ုပ်တို့က တောင်းဆိုလိုက်သည်။..."

Source/publisher: 

UN Children's Fund (UNICEF) (New York)

Date of Publication: 

2021-03-19

Date of entry: 

2021-05-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good