Pagodas in Dawei - ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တနင်္သာရီ နဂါးလှေလှော်ပွဲကို ယူနက်စကိုထံ တင်ပြထား

Description: 

"ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တနင်္သာရီနဂါးလှေလှော်ပွဲကို ယူနက် စကိုအဖွဲ့ထံသို့ မေလဝန်းကျင်က တင်ပြထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ်အားလုံးသို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) ကိုတင်ပြမည့် ဒြပ်မဲ့ယဉ်ကျေးမှုများ တင်ပြရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုင်ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားလာသဖြင့် တိုင်း အတွင်း အကြမ်းဖျင်း ကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှု ၉၆ ခုမှ ယင်း နှစ်ခုကို တင်ပြထားခြင်းဖြစ်ကြောင်း အထက်ပါဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းပွဲတော်နှစ်ခုကျင်းပသည့် ပုံစံကို စာ၊ ရုပ်သံမှတ်တမ်းတိုရိုက်ကူးကာ တင်ပြထားခြင်းဖြစ်ကြောင်း ယင်း တာဝန်ရှိသူက ပြောသည်။ တင်ပြထားသည့် နှစ်ခုအနက် တစ်ခု ကို ယူနက်စကိုအဖွဲ့က ရွေးချယ်ကာ စာ၊ ရုပ်သံမှတ်တမ်းများဖြင့် တင်ပြထား သည့်အတိုင်း တကယ်ကျင်းပနေခြင်း ရှိမရှိကို ယူနက်စကိုအဖွဲ့က လာရောက် စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။ “ဘယ်ဟာကို ရွေးထားပြီးပြီလဲဆို တာ မသိရသေးဘူး။ ဘယ်အချိန်လာမလဲ ဆိုတာလည်း အကြောင်းမကြားသေးဘူး။ အခုက မိုးတွင်းဆိုတော့လာမှာ မဟုတ်သေးဘူး”ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ စစ်တမ်းကောက်ယူ ပြီးပါက ယူနက်စကိုအဖွဲ့က သတ်မှတ် ထားသည့် စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီပါက ယူနက်စကို အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန(ထားဝယ်ဌာနခွဲ) တာဝန်ရှိသူက ဆိုသည်။ “ယူနက်စကို အမွေအနှစ်အဖြစ် မသတ်မှတ်ရင်တောင်မှ ဒီပွဲတွေ ကျင်းပဖို့ ငွေကြေးအခက်အခဲရှိတယ်ဆိုရင် ငွေကြေး ထောက်ပံ့တာမျိုးလည်း လုပ်ချင် လုပ်နိုင်တယ်။ ဒါကတော့ ကျွန်တော်တို့အပိုင်း မဟုတ်တော့ဘူးပေါ့နော်။ သူတို့(ယူနက်စကိုအဖွဲ့)ကပဲ ဆုံးဖြတ်မှာ ဆိုတော့” ဟု ၎င်းက ဆိုသည်။ ယူနက်စကိုအဖွဲ့သို့ တင်ပြထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ နှင့် တနင်္သာရီ နဂါးလှေလှော်ပွဲကို တနင်္သာရီတိုင်း အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် တနင်္သာရီတိုင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေး ကော်မတီက ရွေးချယ်တင်ပြထားခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရ သည်။..."

Source/publisher: 

Dawei Watch

Date of Publication: 

2018-07-09

Date of entry: 

2019-07-11

Grouping: 

  • Individual Documents

Category: 

Geographic coverage: 

    • Dawei

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good