ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ရန်သူ့တပ်၏ ကပစ(၂၂) ကို သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို တိုက်ခိုက်ခဲ့

Description: 

"၂၀၂၃ခုနှစ်၊ ဧပြီလ (၅) ရက်နေ့၊ ည(၁၀)နာရီတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းများကို (၂)နေရာခွဲ၍ ဖြိုချ တိုက်ခိုက်ခဲ့သည်။ထို့နောက် ဧပြီလ (၈)ရက်နေ့၊ ည(၁၀)နာရီတွင် ထပ်မံ တိုက်ခိုက်ရာ အပြီးသတ် အောင်မြင်စွာ ဖြိုချနိုင်ခဲ့သည်။ ဧပြီလ (၁၀)ရက်နေ့၊ ညနေ(၅:၃၀)နာရီတွင် ဆိပ်ဖြူမြို့နယ်၊ တမကောက်ကျေးရွာအနီးရှိ ဓာတ်အားပေး လိုင်းကို ပြုပြင်ရန်လာသည့် ရန်သူ့တပ်သား(၁၅)ဦးကို လက်နက်ကြီးနှင့်Drone ပေါင်းစပ်အသုံးပြုကာ တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်သား (၂)ဦး သေဆုံးကာ (၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင််း၊အမှတ်(၁၁) တပ်ရင်း၊ အမှတ်(၁၉) တပ်ရင်း၏ ဆိပ်ဖြူဘာမထီတပ်ခွဲ (၁/၂)၊ တပ်ခွဲ(၃) ဆိတ်ဖြူ ဗိုလ်မထားတပ်ဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၅) တပ်ရင်း၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ပကဖတို့ ညီညွတ်စွာဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-04-18

Date of entry: 

2023-04-18

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

183.73 KB

Resource Type: 

text

Text quality: 

    • Good