ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ချင်းကာကွယ်ရေးတပ်ဖွဲ (မင်းတပ်)၏ (၂) နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် နှုတ်ခွန်းဆက်သဝဏ်လွှ

Description: 

"၁။ ယနေ့ကျရောက်သော ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)၏ (၂) နှစ်ပြည့် တော်လှန်ရေး နေ့ အခါသမယတွင် ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)အပါအဝင် ချင်းပြည်တစ်ခုလုံးရှိ နွေဦး တော်လှန်ရေး အင်အားစုများအားလုံး စိတ်၏ ကြံ့ခိုင်သန်စွမ်းခြင်း၊ ကိုယ်၏ကျန်းမာလုံခြုံခြင်းများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာ ဏာကို လုယူသိမ်းပိုက်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ချင်းပြည်နယ်၊ မင်းတပ်မြိုနယ်အတွင်းရှိ ပြည်သူလူထု၊ တက္ကသိုလ် ကျောင်းသား/သူများနှင့် အရပ်ဘက်အဖွဲ အစည်းများသည် အာဏာသိမ်းမှုကို လက်မခံသည့်အတွက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်ခြင်း၊ အစုအဖွဲအသီးသီးမှ ကိုယ်စားလှယ်များပါဝင်ပြီး မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲကို ဖွဲစည်းနိုင် ခြင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)ကို ဖွဲစည်းနိုင်ခဲ့ခြင်းတိုဖြင့် နွေဦးတော်လှန်ရေးဖြစ် စဉ်အတွင်း မင်းတပ်မြိုနယ်သည် စနစ်တကျ တဆင့်ပြီးတဆင့် ပါဝင်ဆောင်ရွက်ခဲ့သည်ကို တွေ့ ရှိရသည်။ ၃။ ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၄ရက်နေ့တွင် မင်းတပ်မြိုရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ၏ ဖမ်း ဆီးချုပ်နှောင်ခံထားရသည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ မင်းတပ်ဒေသခံများအား ပြန်လွှတ် ပေးရန် ညှိနှိင်းမှုကို စစ်ကောင်စီဘက်မှ ကတိမတည်၊ ပျက်ကွက်ခဲ့ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)က ၎င်းတိုအား စစ်ကောင်စီတပ်ဖွဲ၏ လက်ထဲမှ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ သည်ကို အထိမ်းအမှတ်ပြုကာ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရှိရပါသည်။ ၄။ ချင်းကာကွယ်ရေးတပ်ဖွဲ (မင်းတပ်)သည် ချင်းလူမျိုးများ၏ တူမီးတော်လှန်ရေးကို စတင်ခဲ့ သူများပင် ဖြစ်သည်။ ဤ(၂)နှစ်တာကာလအတွင်း မင်းတပ်မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုအောက်၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကယ် ဆယ်ရေး၊ စိုက်ပျိုးမွေးမြူရေးအစရှိသော လုပ်ငန်းများကို တော်လှန်ရေးကာလလိုအပ်ချက်များ နှင့်အညီ ထူးခြားအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတိုအပြင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ နွေဦးတော်လှန်ရေးအင်အားစုများ၏ လေးစားအားကျမှုကို ရရှိခဲ့သည့် ချင်းကာကွယ် ရေးတပ်ဖွဲ(မင်းတပ်)၏ ရဲစွမ်းသတ္တိနှင့် စွမ်းရည်ထက်မြက်သော တိုက်ပွဲဝင်ခဲ့မှုများကိုလည်း မှတ် တမ်းတင် ဂုဏ်ပြုသကဲ့သို၊ အသက်စွန့်သွားခဲ့ကြသည့် သူရဲကောင်းများကိုလည်း အလေးပြုအပ် ပါသည်။ ၅။ နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း မင်းတပ်မြိုနယ်အပါအဝင် ချင်းပြည်အနှံ၌ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများ၊ တပ်ဖွဲဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိပါကြောင်း ဖော်ပြလိုပါသည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြိုနယ်၊ ပန်းပါကျေးရွာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား(၃)ဦးသေဆုံးခဲ့ရသည်ကိုလည်း အထူးဝမ်း နည်းကြေကွဲရပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ယူကြုံးမရဖြစ်ရပါသည်။ ၆။ . ယခုအချိန်တွင် မိမိတိုအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲနေကြခြင်း ဖြစ်သည့်အတွက် ထိခိုက်ပေးဆပ်ရမှုများကို မလွဲမရှောင်သာ ကြုံတွေ့ကြရမည်ဖြစ်သည်။ သို သော်လည်း မိမိတို၏ ရည်မှန်းချက် ပန်းတိုင်သိုရောက်သည်အထိ အချင်းချင်း ဖေးမယုံကြည်မှု၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှုတိုဖြင့် မဆုတ်မနစ် ဆက်လက် ချီတက်ကြရမည်ဖြစ်သည်။ ရန်သူ သည် မိမိတိုအား ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားလျက် ဉာဏ်အမြော်အမြင်ရှိရှိ စည်းလုံးညီညွတ်စွာဖြင့် အောင်ပွဲရသည် အထိ ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ၇။ ဤနွေဦးတော်လှန်ရေး(၂)နှစ်တာကာလအတွင်း ချင်းပြည်တပ်ဦး၌ ချင်းကာကွယ်ရေး တပ်ဖွဲ(မင်းတပ်)၏ ခိုင်မာပြတ်သားသော တော်လှန်ရေးစိတ်ဓါတ်နှင့် ကိုယ်ကျိုးစွန့်ပါဝင်ခဲ့မှုများ အား လှိက်လှဲစွာ မှတ်တမ်းတင် ဂုဏ်ပြုရင်း ဤနှုတ်ခွန်းဆက်သဝဏ်လွှာကို ပေးပိုအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-04-24

Date of entry: 

2023-04-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

434.91 KB

Resource Type: 

text

Text quality: 

    • Good