PROTECTION AND SECURITY CONCERNS IN SOUTH EAST BURMA / MYANMAR (Burmese/ မြန်မာဘာသာ )

Description: 

နိုဝင်ဘာလ ၆ ရက်နေ့၊ ၂၀၁၄ ဘန်ကောက် ဘန်ကောက်ဘန်ကောက် ဘန်ကောက်/ // /ရန်ကုန် ရန်ကုန်ရန်ကုန် ရန်ကုန် - မြန်မာအစိုးရအနေဖြင့် အာဆီယံထိပ်သီး အစည်းအဝေးပွဲအတွက် ပြင်ဆင်နေသည့်အချိန်တွင်၊ စစ်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအနေဖြင့်မူ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်ကောင်းမွန်လာနိုင်ဦးမည်လား၊ မည်သို့မည်ပုံကောင်းမွန်လာနိုင်မည်လဲဟု တွေးတောနေကြပါ သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း ရပ်ဆိုင်းလုနီးပါးရှိနေပြီး ရွေးကောက်ပွဲမှာလည်း ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် ကျင်းပရတော့မည်ဖြစ်သည်။ သို့သော် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများညွှန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာအရ အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်စေနိုင်မည့် တိုင်းရင်းသားများနှင့်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်း နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲသည် အလွန်အရေးကြီးသည်ဟုဆိုပါသည်။ အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ရွာစု ပေါင်း ၂၂၂ စု မှ ရပ်ရွာအကြီးအကဲ၊ ခေါင်းဆောင်များ၏ လုံခြုံ ရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ပူပန်ချက်များနှင့်ပတ်သက်သည့် အမြင်များကို သုတေသနပြုလုပ်ခဲ့ပါသည်။ နယ်စပ်ညွန့်ပေါင်းအဖွဲ့၏ နှစ်ပတ်လည် အထွထွေ အစည်းအဝေးနှင့် အလှူရှင်များဖိုရမ်တို့တွင် တွေ့ရှိချက်များကိုလည်း ဝေမျှခဲ့ပါသည်။ တီဘီစီသည် စစ်မက်ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ခိုလှုံရာနေရာနှင့် စခန်းစီမံခန့်ခွဲမှုတို့အား ထောက်ပံ့ကူညီခဲ့သည်မှာ နှစ်ပေါင်း ၃၀ခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခုAစီရင်ခံစာသည် ၂၀၁၁ခုနှစ်ကုန်ပိုင်းမှစတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးအကြိမ်မှ စတင်ပြီး အနိုင် ကျင့်ခံရမှုများ ပြောင်းလဲလာပုံများကို မှတ်တမ်းတင်ခဲ့ပါသည်။ တိုက်ပွဲများနည်းသွားသော်လည်း သဘာဝသယံဇာတများ ထုတ်ယူခြင်းနှင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှုများ ပိုမိုများပြားလာပြီး စစ်တပ်အင်အားမှာလည်း လျော့နည်းမသွားပေ။ ?ထိုင်းနိုင်ငံက ဒုက္ခသည်အနည်းစုပြန်ကြတာ၊ အခြေအနပြန်ကြည့်ကြတာမျိုးဘဲတွေ့ရပါတယ်။ ဒီစစ်တမ်းအရတော့ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့သူ(IDP)အရေအတွက်လည်း သိသိသာသာနည်းမသွားဖူးလို့ဆိုရပါမယ်။ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ပြန်လာဖို့၊ နေရာချထားဖို့အတွက် ပြင်ဆင်ကြတဲ့လုပ်ငန်းတွေကို စစ်တပ်အင်အား ဆက်လက်တိုးချဲ့နေတာနဲ့ မလုံခြုံမှုတွေက အဟန့်အတားဖြစ်စေပါတယ်။” ဟု တီဘီစီ၏ အလုပ် အမှုဆောင် ညွှန်ကြားရေးမှုး ဆယ်လီသွန်(မ်)ဆင်မှ မှတ်ချက်ပေးခဲ့ပါသည်။ ရာဇဝတ်မှုကြီးများနှင့် အပြင်းအထန် ခိုက်ရန်ဖြစ်ပွားငြင်းခုန်မှုများကို အဓိကဖြေရှင်းပေးသည့်သူများအဖြစ် ကျေးရွာအကြီးအကဲ၊ ခေါင်းဆောင် များကို သတ်မှတ်ထားကြပါသည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုပျက်ပြားစေသည့် အကြောင်းများမှာ အကျင့်ပျက်ခြစားမှု၊တရား စီရင်မှုလုပ်ထုံးလုပ်နည်းများကို မသိရှိခြင်းနှင့် ဥပဒေကိုလိုသလို အသုံးချခြင်းတို့ဖြစ်ပါသည်။ အနိုင်ကျင့်ခံရမှုများနှင့် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန်အတွက် မြန်မာစစ်တပ်များဆုတ်ခွာရန် နှင့် အပစ်အခတ်ရပ်စဲခြင်း အခြေအနေ ကို စောင့်ကြည့်သည့်စနစ်များဖန်တီးပေးရန်တို့သည် အဓိကဦးစားပေးလုပ်ငန်းများအဖြစ် ဒေသခံများမှထင်မြင်ပါသည်။ ရပ်ရွာခေါင်းဆောင်များက မိမိတို့၏အခွင့်အရေးများကို တောင်းဆိုတတ်စေရန်နှင့် မျှတသည့် တရားစီရင်မှုရရှိနိုင်စေရန် ရွာသူရွာသားမျာ?

Source/publisher: 

The Border Consortium (TBC)

Date of Publication: 

2014-11-06

Date of entry: 

2014-11-12

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Local URL: 

Format: 

pdf

Size: 

3.94 MB