Situation of Freedom of Religion and Belief in Myanmar "မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အစီရင်ခံစာ"

Description: 

"မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အခြေအနေသုံးသပ်ချက် အစီရင်ခံစာ" "ဤသုံးသပ်ချက်အစီရင်ခံစာကို ညီမျှခြင်းမြန်မာ အဖွဲ့က ပြုစုရေးသားထားခြင်းဖြစ်သည်။ ညီမျှခြင်းမြန်မာ (ယခင်လူ့အခွင့်အရေးပညာပေးရေးဌာန - မြန်မာနိုင်ငံ) သည် အစိုးရ မဟုတ်သောအဖွ့အဲစည်းတစ်ခုဖြစ်ပြီး လူ့အခွင့်အရေး ပညာပေးခြင်းနှင့် စည်းရုံးလှုံ့ဆော် ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိပါသည်။ ညီမျှခြင်းမြန်မာကို လူ့အခွင့်အရေးယဉ်ကျေးမှုမြှင့်တင်ရန်နှင့် ပြည်သူလူထုအား လူမှုအသွင်ကူးပြောင်းမှုများတွင် ပူးပေါင်းပါဝင်လာအောင် ခွန်အားပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပါသည်။ ညီမျှခြင်းမြန်မာသည် ငြိမ်းချမ်းသော၊ သည်းခံမှုရှိသော၊ လူသားအားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကိုလေးစားမှုရှိပြီး ဒီမိုကရေစီနည်းလမ်းကျသော လူမှုအသိုင်း အဝိုင်းကို တည်ဆောက်ရန် မျှော်မှန်းပါသည်။ ဤသုံးသပ်ချက်အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အခြေအနေအပေါ်ခြုံငုံလေ့လာချက်များနှင့် အသေးစိတ်သုံးသပ်ချက်များပါဝင်သည်။ အစီရင်ခံစာ ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသက်အနိုင်ရရှိခဲ့သော ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲ အလွန်ကာလ နိုင်ငံရေးအခြေအနေကို ကနဦးသုံးသပ်မှုများပြုလုပ်ပြီးနောက် ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထွက်ရှိလာသော အငြင်းပွားဖွယ်ရာဥပဒေ (၄)ခုတွဲကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် နှိုင်းယှဉ်လေ့လာဆန်းစစ်ထားပါသည်။ ပြဋ္ဌာန်းလိုက် သော ဥပဒေသစ်များအပြင် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အခြားနည်းလမ်းများဖြင့် ချိုးဖောက်ခံနေရမှုများရှိကြောင်း မြန်မာနိုင်ငံအတွင်းရှိ ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အချို့ကို သုံးသပ်ကာ သာဓကပြုဖော်ပြထားပါသည်။ တူညီဖြစ်စဉ်များ၊ ပါဝင်သူများ၊ ရည်ရွယ်ချက်များနှင့် နည်းဗျူဟာများကို အစီရင်ခံစာထဲတွင် သုံးသပ်မှုများပြုလုပ်ပြီးနောက် လက်ရှိအခြေအနေ အတိုင်း ဆက်သွားပါက ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ထောက်ပြထားပါသည်။ နိဂုံးချုပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပါဝင်သူများထံသို့ တင်ပြထားသော အကြံပြုတိုက်တွန်းချက်များကို ဖော်ပြထားပြီး ကျယ်ပြန့်သော မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းအောက်ရှိ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အခြေအနေကို တင်ပြထားပါသည်။..."

Source/publisher: 

Equality Myanmar

Date of Publication: 

2016-02-00

Date of entry: 

2016-04-05

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ), English

Local URL: 

Format: 

pdf pdf

Size: 

1.16 MB 1.51 MB