The Myanmar Elections: Results and Implications မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ-ရလာဒ်များနှင့် ဖြစ်လာနိုင်သည့် အကျိုးဆ??

Description: 

ခြုံငုံသုံးသပ်ချက် ... နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းမှု တွင် အဓိကမှတ်တိုင်တစ်ခုဖြစ်သည်။ ဒီမိုကရေစီရွေးကောက်ပွဲ အတွေ့အကြုံနည်းပါးခြင်း၊ နိုင် ငံရေးအကွဲအပြဲနက်ရှိုင်းခြင်း၊ နေရာများစွာတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေခြင်း စသော အခြေအနေတွင် ငြိမ်းချမ်း၍ စနစ်ကျသော ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းသည် နိုင်ငံရေးတွင် အဓိကပါဝင်နေသူအားလုံး၊ ရွေးကောက်ပွဲကော်မရှင်နှင့် တစ်နိုင်ငံလုံးအတွက် အဓိကအောင် မြင်မှုဖြစ်သည်။ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၆ မတ်လကုန်တွင် အာဏာလွှဲပြောင်းမယူမှီ ကြားကာလလေးလကို ပါးပါးနပ်နပ်အသုံးချရန်လိုအပ်ပြီး အရေးကြီး တာဝန်ပေးမည့်သူများကို စောစီးစွာသတ်မှတ်ဖေါ်ထုတ်နိုင်ခဲ့လျှင် ရှေ့တွင်ကြိုနေသည့် ကြီးမား သော စိမ်ခေါ်မှုများအတွက် ပြင်ဆင်ရန် ဖြစ်နိုင်သမျှအချိန်များများ ရရှိပေမည်။ ရွေးကောက်ခံနေရာ ၈၀ ရာခိုင်နှုန်းဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရခြင်းသည် လွှတ်တော်နှစ် ရပ်စလုံးတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ရယူထားသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ၏ပါတီက နေရာအများစုရရှိမည့်သဘောဖြစ်သည်။ ဤအခြေအနေသည် သမ္မတရွေးချယ်ခွင့် အာဏာနှင့် ဥပဒေပြုမှုအပေါ် ထိန်းချုပ်ခွင့်တို့ကို ရရှိစေမည်ဖြစ်သည်။ သမ္မတရွေးချယ်ခွင့် အ တွက်မူ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်နိုင်အောင်တားဆီးထား သည်။ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ (USDP) သည် တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အခြားပါတီများကဲ့သို့ပင် အလဲထိုးခံရှုံးပွဲကို ခံစားသွားရသည်။ ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးကြီးမားမားရေပန်းစားသော အခွင့်အာဏာအပ်နှင်းခြင်းကို ထင်ဟပ်ကာ ၎င်းနှင့်အတူ သူနှင့် NLD သည် တိုင်းပြည်တွင် လိုအပ်နေသော နိုင်ငံရေးနှင့် စီးပွါးရေးပြောင်းလဲမှုများကို ဖေါ်ဆောင်လိမ့်မည်ဟူသော ဆတူ မျှော်လင့်ချက်များစွာဖြင့် ပေါ်ထွက်လာခဲ့သည်။ ၎င်းမျှော်လင့်ချက်များပြည့်မှီရန် မလွယ်ကူ လှပါ။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် အပြုသဘောပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထူထောင် ရန် လိုအပ်ပေလိမ့်မည်။ တပ်မတော်သည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနများကို ထိန်းချုပ်ထားခြင်းဖြင့် များပြားသော အုပ်ချုပ်ရေးအာဏာကို ရယူထားဆဲဖြစ် သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှသည် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးဖြေလျှော့ မှုများအထိ အရာရာအောင်မြင်မှုရရှိရေးသည် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူ တည်လျက်ရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်မည်ဟု ပြောထားသည့် အ တိုင်း ထိပ်တန်းရာထူးအတွက်လိုအပ်သော သိက္ခာနှင့် အများလေးစားသူကို ကိုယ်စားသမ္မတ အဖြစ် မရွေးချယ်နိုင်ခဲ့ပါက ကာလရှည်ကြာ အပြန်အလှန် သံသယကြီးခဲ့သော ဆက်ဆံရေး သည် မလှပသော စတင်မှုအဖြစ် အလွယ်တကူ ထွက်ပေါ်လာနိုင်သည်။ ထို့အပြင် NLD အနေနှင့် ပြည်သူတို့၏ဘဝများ သိသိသာသာပြောင်းလဲအောင် ဆောင် ကြဉ်းပေးခြင်းဖြင့် ပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်ပေးနိုင်ကြောင်း ပြသလိုပေလိမ့်မည်။ ပြည်တွင်းပြည်ပအားပေးမှုနှင့် ပံ့ပိုးမှုမြောက်များစွာကို ရယူနိုင်မည်ဖြစ်သော်လည်း စီမံအုပ်ချုပ်မှု အတွေ့အကြုံနည်းခြင်း၊ ကျွမ်းကျင်သော ပညာရှင်စုဖွဲ့မှုနည်းခြင်း၊ သော့ချက်ကျသော အင်စတီ ကျူးရှင်းများကို ပြုပြင်ပြောင်းလဲရာတွင် ခက်ခဲခြင်း စသည်တို့အားလုံးက မြန်မြန်ဆန်ဆန် အောင် မြင်မှုရနိုင်မည့်အရေးကို ဟန့်တား

Source/publisher: 

International Crisis Group (Asia Briefing N°147)

Date of Publication: 

2015-12-09

Date of entry: 

2016-01-07

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf pdf

Size: 

550.11 KB 1.51 MB 355.23 KB