The state of freedom of religion or belief for Chin in Burma/Myanmar 2013 - အထူးကောက်နုတ်ဖော်ပြချက် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ဘာ??

Description: 

၁။လေ့လာဆန်းစစ်ချက်နှင့် အကြံပြုချက်များ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တွင် လူအများစု ကိုးကွယ်ကျင့်သုံးသည့် ဘာသာတရား အဖြစ် ဗုဒ္ဓဘာသာ၏ အထူးအနေအထားကို ဖော်ပြထားပြီး ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာ နှင့် ဘာသာမဲ့ တို့အခန်းကဏ္ဍမှာ မူမရှိသလောက်ဖြစ်နေသည်။1 လက်တွေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ အတွင်း၌ ကျင့်သုံးနေသည်။ ချင်း 2အခြေအနေတွင်မူ အဆိုပါအချက်သည် ဘာသာတရား (သို့) ယုံကြည်မှု ကိုအခြေခံ၍ ပုံစံမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံ ပပျောက်ရေးဆိုင်ရာ ၁၉၈၁ ကုလသမဂ္ဂကြေညာစာတမ်း တွင် ဖော်ပြထားသည့် ဘာသာအယူဝါဒနှင့် ယုံကြည်ချက်ဆိုင်ရာ အခြေခံ ယုံကြည်ချက်များ နှင့် ဆန့်ကျင် ကွဲလွဲနေသည်။ ဗုဒ္ဓဘာသာ အခြေခံအဆောက်အအုံများအတွက် နိုင်ငံပိုင် ရင်းမြစ်များကို ခွဲတမ်းချ အသုံးပြုမှုများ ဆက်လက်ရှိနေသည့်တိုင် ခရစ်ယာန်ဘာသာ အခြေခံ အဆောက် အအုံ များ တည်ဆောက် ပြုပြင်ခြင်း၊ ဝတ်ပြုကိုးကွယ်ရန်အတွက် မြေပိုင်ဆိုင်မှု စသည်တို့တွင် ကန့်သတ် တားမြစ်မှု များ ဆက်လက်ရှိနေသေးသည်။2 စက်တင်ဘာလအတွင်း သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦး ဆန်းဆင့် မှ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်း၊ ပြန်လည် တည်ဆောက်ခြင်း နှင့် အသစ်တည်ဆောက်ခြင်း စသည်တို့အတွက် ခွင့်ပြုချက်များ အဆင့်ဆင့် တောင်းခံနေရခြင်း ကဲ့သို့သော ကန့်သတ်ချက်များကို သာသနာရေးဝန်ကြီးဌာနအနေဖြင့် များစွာ ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည့် နောက်ပိုင်းတွင်ပင် ယင်းသို့ ဆက်လက် ဖြစ်နေခြင်းဖြစ်သည်။ သို့ရာတွင် ? ဝန်ကြီးဌာန အနေ နဲ့ အကြံပြုချက်တွေပေးဦးမှာပါ? ဟု လည်း ဝန်ကြီးမှ ပြောကြားခဲ့ပြန်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ ရာတွင် လက်တွေ့၌ (သို့) အစိုးရ အဆင့်ဆင့်တွင် မည်သို့ အကောင်အထည်ဖော်မည်နှင့် ပတ်သက်၍ မရှင်း မလင်းဖြစ် စေသည်။3 ၂၀၁၁ ခုနှစ် မတ်လတွင် အများအခေါ် အရပ်သားအစိုးရ မှ အာဏာလွှဲယူခဲ့ချိန်မှ စတင်၍ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌ သူရရွှေမန်းတို့ အပါအဝင် အစိုးရအကြီးအကဲ များသည် ၂၀၁၃ ခုနှစ်အတွင်း ချင်းပြည်နယ် ကို ပထမအကြိမ် သွားရောက်ခဲ့ကြသည်။ဤသို့သွားရောက် လည် ပတ်ရာတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် များကအတိုင်းပင် ပြုမူခဲ့ကြသည်။ ချင်းပြည်နယ် သို့ တနင်္ဂနွေနေ့နံနက်များတွင်သွားရောက်ကာ အခမ်းအနား များကို လည်း ကျင်းပစေခဲ့တာကြောင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ရှုထောင့်မှ ကြည့်ပါက ယင်းသည် ဒေသခံပြည်သူများ၏ လွတ်လပ်စွာ ဝပ်ပြုကိုးကွယ်မှု (သို့) ပြည်သူများ၏ အလုပ်ပိတ်ရက် နားနေမှု ကို မလေး မစားပြုခြင်း ဖြစ်ပေသည်။4 ၂၀၁၃ ခုနှစ်တစ်လျှောက်လုံးတွင် ကိုးကွယ်ယုံကြည်မှုအပေါ်အခြေခံ ၍ ခွဲခြား ဆက်ဆံ ခြင်း သည် ကြီးမားပြင်းထန်သည့် အကြောင်းအရာ အဖြစ် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ချင်းပြည်နယ် တောင်ပိုင်းရှိ ဝေးလံခေါင်သီသည့် ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ ရွာများတွင် ဝတ်ပြု ကိုးကွယ် ရန် စုဝေးမှုများ ဆက်လက်ပြုလုပ်ပါက ရွာများကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်မှုများ ကို ဒေသတွင်းရှိ

Source/publisher: 

Chin Human Rights Organization

Date of Publication: 

2014-01-21

Date of entry: 

2014-01-21

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Local URL: 

Format: 

pdf

Size: 

329.02 KB