Beyond Panglong: Myanmar’s National Peace and Reform Dilemma - ပင်လုံအလွန် - မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး အကျပ်အတည်း

ဖော်ပြချက်/အကြောင်းအရာ: 

''ပည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟုလည်းသိထားကြသည့် ၂၁ ရာစုပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် နှောင်းပိုင်း မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖော်ဆောင်နိုင် စေရန်ကြိုးပမ်းသည့် စိတ်အားတက်ကြွဖွယ်ရာအကောင်းဆုံး တာထွက်ခြေလှမ်းတစ်ရပ်အနေဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။ ယခုအချိန်ထိ “နှစ်ဆယ့်တစ်ရာစုပင်လုံ” ညီလာခံကို နှစ်ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီးဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရ၏ တိုင်းရင်းသားငြိမ်းချမ်းရေး ဦးစားပေးဆောင်ရွက်မှုနှင့်အတူ ဤအခင်း အကျင်းသည် ပျက်ပြယ်ပျောက်ဆုံးမသွားသင့်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နှစ်ရှည်လများလိုအပ် နေခဲ့သည့် အခွင့်အလမ်းတစ်ရပ်ပေါ်ပေါက်လာသည့် အခါသမယဖြစ်နေသည်။ • အမျိုးသားနိုင်ငံရေးနယ်ပယ်၌ တံခါးပွင့်လာသည့် အရေးပါသော တိုးတက်ဖြစ်ထွန်းမှု အခင်းအကျင်းသုံးရပ်ရှိနေ ပြီဖြစ်သည်။ ပထမအချက်အနေဖြင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အစိုးရစစ်တပ် (တပ်မတော်)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအပါအဝင် မတူကွဲပြားသည့် အကျိုးပတ်သက် ပါဝင်သူအသီးသီးမှ မိမိတို့၏ အမြင်သဘောထားအမျိုးမျိုးကို ထုတ်ဖော်ပြောဆိုခွင့် ရရှိလာခြင်းဖြစ်သည်။ ဒုတိယ အနေဖြင့် ထိုကဲ့သို့သော အထင်ကရရှိသည့် စြင်္ကန်မျိုးကို ပြန်လည်အသက်သွင်းခြင်းက နိုင်ငံတော်ပြုပြင်ပြောင်းလဲ ရာ၌အဓိကသော့ချက်နှစ်ခုဖြစ်သည့် လွှတ်တော်နှင့် တိုင်းရင်းသားငြိမ်းချမ်းရေးတို့ကို လမ်းကြောင်း တစ်ခုတည်း၌ ပေါင်းစည်းလာနိုင်စေမည့် အလားအလာမျိုးကို ဖန်တီးပေးလျက်ရှိသည်။ တတိယအနေဖြင့် ဖက်ဒရယ်စနစ်ကို ဦးတည်၍ ပြုပြင်ပြောင်းလဲရန်လိုအပ်မှုကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံသဘောတူလာခြင်းဖြစ်သည်။...''

Creator/author: 

ရင်းမြစ်: 

Transnational Institute (TNI)

Date of Publication: 

2017-09-21

Date of entry: 

2019-01-23

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ), English

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

1.4 MB

Resource Type: 

text

Text quality: 

    • Good