ဖော်ပြချက်/အကြောင်းအရာ:
အဓိကအချက်များကောက်နှုတ်ချက်
နှစ်ပေါင်းများစွာ ဖြစ်ပွါးနေသော ပြည်တွင်းစစ်၏ အကျိုးဆက်ကြောင့် မြန်မာတောင်တန်းနယ်မြေအများစုသည် အစိုးရထိန်းချုပ်မှု
ဘောင်အပြင်ဖက် သို့မဟုတ် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဓိကဇာတ်ကောင်များ (EAAs) ၏ ထိန်းချုပ်မှု၊ အုပ်ချုပ်မှု
ရောထွေးနေသော အနေအထားအတွင်းတွင် ရှိနေကြဆဲ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဓိက ဖာတ်ကောင်းများ (EAAs) ]
ဟုဆိုရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) (အပစ်ရပ်ထားသော (သို့မဟုတ်) ပဋ္ဋိပက္ခဆက်လက်ဖြစ်ပွားလျှက်ရှိသော)
အပြင် နယ်ခြားစောင့်တပ်များ (BGF) နှင့် ပြည်သူ့စစ်အဖွဲ့(PMF) တို့ ကဲ့သို့သော အစိုးရနောက်ခံပြု တပ်မတော်ကွပ်ကဲမှုအောက်ရှိ
လက်နက်ကိုင်ထားသော တိုင်းရင်းသားအဖွဲ့အစည်းများ (State-backed ethnic paramilitary organization) ပါဝင်ပါသည်။ ထို့ကြောင့်
ဖရိုဖရဲဖြစ်နေသည်ဟုထင်ရသော်လည်း ၎င်းနယ်မြေအများစုတွင် ဥပဒေစိုးမိုးရေး စတင်မှုအဆင့်တွင် ရှိနေကြပြီဖြစ်သည်။ ယင်းဥပဒေစိုးမိုးမှု
သည် ရပ်ရွာအဆင့်တွင် ဓလေ့ထုံးတမ်းအရ တရားစီရင်ခြင်းစနစ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဓိက ဇာတ်ကောင်များ (EAAs)၊ တခါတရံ
တပ်မတော်ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်ထားသော တိုင်းရင်းသားအဖွဲ့အစည်းများ (ethnic paramilitary organization) စီမံခန့်ခွဲသော
တရားစီရင်မှုစနစ်တို့ကြောင့် နေရာအတော်များများတွင် အဓိကဖြစ်ပေါ်လာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သော
နယ်မြေများတွင် ၎င်းတို့၏ တရားစီရင်မှုစနစ်များသည် တရားဝင်ပုံစံ တစ်ခုတည်းသာရှိသော်လည်း ထိန်းချုပ်မှုရောယှက်နေသော နယ်မြေများ
တွင်မူ အစိုးရနှင့် လက်နက်ကိုင်ထားသော တိုင်းရင်းသားအဖွဲ့များ၏ တရားစီရင်မှုစနစ်များသည် သီးခြားစီတည်ရှိနေသော်လည်း ရပ်တည်ချက်
မှာ အတူတူပင်ဖြစ်သည်။
၎င်းနယ်မြေများရှိ အရပ်သားအများစုအတွက် တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးမှုတို့ကို ဖြည့်ဆည်းပေးသောအရာမှာ ကျေးရွာနှင့် ကျေးရွာအခြေပြု
တရားစီရင်မှု စနစ်များဖြစ်သည်။ အဆိုပါနယ်မြေများတွင် အဖြစ်များသော တရားမကြောင်းနှင့် အသေးစားရာဇဝတ်မှုများကို ကျေးရွာသူကြီးနှင့်
ကျေးရွာတရားစီရင်ရေးကော်မတီများက အစဉ်အလာဓလေ့ထုံးတမ်းဥပဒေများကို အမှီပြု၍ ကိုင်တွယ်ဖြေရှင်းလေ့ရှိကြသည်။ တိုင်းရင်းသား
လက်နက်ကိုင်အဓိကဇာတ်ကောင်များ(EAAs)သည် ၎င်းတို့၏ တရားစီရင်မှုစနစ်များကို ကျေးရွာဖွဲ့စည်းပုံ၏ ထိပ်တွင်ထည့်သွင်းထားပြီး
ယင်းတို့ကို အမှီပြု၍ အမှုကိစ္စများကို ကိုင်တွယ်ကြသည်။ ပြင်းထန်သောရာဇဝတ်မှုများကိုမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
(EAOs) ၏ တရားရုံးများတွင် ဖြေရှင်းရန်လိုအပ်ပြီး ၎င်းတရားရုံးများသို့ ကျေးရွာအဆင့်မှ အယူခံလွှာတင်သွင်းနိုင်သည်။
စာရွက်ပေါ်မှ ဖွဲ့စည်းပုံအရ EAO များ၏ တရားစီရင်မှုစနစ်များသည် အထက်မှအောက်သို့ အဆင့်ဆင့်ဖွဲ့စည်းထားပြီး ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊
ဗဟိုအဆင့်ဆင့်တင်ပြရန် ခွင့်ပြုထားသည်။ တရားဝင် လုပ်ထုံးလုပ်နည်းများ ဖြင့် ပံ့ပိုးထားသော ၎င်းတရားစီရင်မှုစနစ်များသည် အဆင့်တိုင်းတွင်
ပိုမိုပြင်းထန်သော အမှုအခင်းများကို စစ်ဆေးရန်နှင့် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် ခွင့်ပေးထားသည်။ EAO များအကြား တရားစီရင်မှု
လုပ်ထုံးလုပ်နည်းများ ကွာခြားမှုရှိပြီး အချို့က ပုံစံတကျရှိမှုကို လိုက်ပါကျင့်သုံးကြပြီး အချို့က အခြေခံကျလွန်းသောပုံစံကို ဆုပ်ကိုင်ထားကြ
သည်။ လက်တွေ့တွင်မူ ပဋိပက္ခ သံသရာ၊ နယ်မြေအတွင်း အဖွဲ့အစည်း၏ စွမ်းဆောင်ရည်၊ EAA အဖွဲ့ဝင်များနှင့် ပုဂ္ဂိုလ်ရေးဆက်နွယ်မှု
စသည်တို့ကြောင့် ရေးဆွဲထားသော လုပ်ထုံးလုပ်နည်းများနှင့် ကွဲပြားမှုများရှိနိုင်သည်။
ရင်းမြစ်:
Asia Foundation
Date of Publication:
2016-10-00
Date of entry:
2016-11-23
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
6.21 MB