National Unity Government: Ministry of Electricity and Energy Notification No.4/2021 - လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၁) ၁၃၈၃ ခုနှစ် နယုန်လဆန်း ၁၃ ရက် (၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်) အကြောင်းအရာ။ ။ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) ပါ ထွက်ရှိသည့် ရေနံ အတွက် ပေးသွင်းရမည့် ခိုင်ကြေးနှင့် လုပ်ကွက် အတွက် မြေငှားရမ်းခများ ကောက်ခံခြင်းကို ရပ်ဆိုင်းခြင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သည် ကိုဗစ် - ၁၉ ကပ်ရောဂါ ကြောင့်လည်းကောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ် နှိပ်စက်မှုများကြောင့်လည်းကောင်း၊ ပြည်သူလူထု အပေါ် ဝန်ထုပ်ဝန်ပိုး လျော့ကျ စေရေး နှင့် သယံဇာတမှ ရရှိသောရန်ပုံငွေကို အကြမ်းဖက် အဖွဲ့ များ ထံ မရောက်ရှိစေရေး အတွက် အောက်ပါ အမိန့်ကိုထုတ်ပြန်အပ်သည်။ ၂၀၁၇ ခုနှစ် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေ ၁၅/၂၀၁၇) အရ နိုင်ငံတော် အတွင်း တရားဝင်ခွင့်ပြုထားသော ရေနံလက်ယက်တွင်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာရန် ဖြစ်သည်။ ၁။ ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) အရ ပေးဆောင်ရမည့် ‌ရေနံ အတွက် ပေးသွင်းရမည့် ခိုင်ကြေး နှင့် လုပ်ကွက် အတွက် မြေငှားရမ်းခများအား ပေးဆောင်ခြင်း အားကင်းလွတ်ခွင့် ပြုလိုက်သည်။ ၂။ ရေနံ၊ သဘာဝ ဓာတ်ငွေ့ နှင့် အခြား တွင်းထွက် ပစ္စည်းများ၊ သဘာဝ သယံဇာတ များသည် ပြည်ထောင်စု သား အားလုံး နှင့် သက်ဆိုင်ပြီး ပြည်နယ် တိုင်း ဒေသကြီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် ခွဲဝေသုံးစွဲရမည် ဖြစ်သော်လည်း နိုင်ငံတော်အဆင့် စီးပွားဖြစ် ထုတ်ယူရန်မဖြစ်နိုင်သည့် ရေနံကို ဒေသဖွံ့ဖြိုးရေး အတွက် တွင်းတိမ်များ ဖြင့် ထုတ်ယူ ပြုပြင် ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်ရာ အောက်ပါလမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ဖြစ်သည်။ (က) လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ နှင့် ဆက်သွယ်ကာ ဒေသဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်ပေးကြရန်၊ (ခ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး အထူး သတိပြု ဆောင်ရွက်ကြရန်။ (စိုးသူရထွန်း) ပြည်ထောင်စုဝန်ကြီး..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-06-22

Date of entry: 

2021-06-22

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

399.38 KB

Resource Type: 

text

Text quality: 

    • Good