condolence message - ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"ဝမ်းနည်းကြောင်းသဝဏ်လွှာ ===================== ဇူလိုင်လ ၂၁ ရက် ၂၀၂၁ ခုနှစ်။ ------------------------------------------ ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး အင်းစိန်ထောင်အတွင်း COVID-19 ရောဂါပိုးကူးစက်ခြင်းကိုခံခဲ့ ရပါသည်။ အင်းစိန်ထောင်မှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ် အချိန်တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရ ပါသည်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသည့် နိုင်ငံရေးအကျဉ်းသားများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပျက်ကွက်သည့် အကြမ်းဖက်စစ်ကောင်စီတွင် တာဝန်အပြည့်ရှိသည့် အပြင် အဆိုပါကိစ္စရပ်များအတွက် တာဝန်အပြည့်ယူရမည်ဖြစ်ကြောင်း သိစေအပ်သည်။ ကွယ်လွန်အနစ္စရောက်သွားသော ဦးဉာဏ်ဝင်း၏မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါ ကြောင်းနှင့် မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါကြောင်း သဝဏ်လွှာပေးပို့အပ် ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-07-21

Date of entry: 

2021-07-21

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

146.17 KB

Resource Type: 

text

Text quality: 

    • Good