မြို့ရပ်ရွာအတွင်း လူစိမ်းအဝင်အထွက်ကို သတိထားစောင့်ကြည့်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

ဖော်ပြချက်/အကြောင်းအရာ: 

":ရခိုင်ပြည်နယ်တွင်းက ကျေးရွာတချို့မှာ ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာပြီး လူမျိုးရေး ပဋိပက္ခပုံစံ ဦးတည်တဲ့ အခြေနေမျိုးတွေ ဆက်တိုက်ဖြစ်လာတာတွေ့နေရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ မြောက်ဦးမှာ ညအချိန် မီးတိုက်ဖျက်ဆီးခဲ့ပြီး အဲ့ဒီနေ့မှာပဲ မြောက်ဦး လောင်းကြက်ရွာနား ရိတ်သိမ်းထားတဲ့ စပါးတွေကို တမင်သက်သက် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်လာတယ်လို့ဆိုပါတယ်။ ဒါအပြင် ဒီဇင်ဘာလ ၁၁၊ ၁၂၊ ၁၃ နဲ့ ၁၄ရက်နေ့တွေမှာ ကျေးရွာတချို့ မုဒိန်းမှုနဲ့ မီးတိုက် ထူးခြားဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လု့ိသိရပါတယ်။ ဒီလို ထူးခြားဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ကျေးရွာ မြို့များရှိ လူငယ်များအနေနဲ့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးနဲ့ မီးဘေးအန္တရာယ်ကင်းဝေးဖို့အတွက် လူစိမ်းအဝင်အထွက်များ သတိထားစောင့်ကြည့်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။..."

ရင်းမြစ်: 

United League of Arakan

Date of Publication: 

2021-12-17

Date of entry: 

2021-12-18

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

157.55 KB

Resource Type: 

text

Text quality: 

    • Good