(၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြည်တွင်း၊ ပြည်ပနေရာအသီးသီး၌ ရှိနေကြသော ချင်းလူမျိုးများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေကြောင်းဆုတောင်းပါသည်။ ချင်းအမျိုးသားနေ့ဆိုသည်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအပါအဝင်၊ နယ် မြေဒေသအလိုက် မျိုးနွယ်စုအကြီးအကဲများအုပ်ချုပ်သည့်စနစ်အစား ဒီမိုကရေစီပြည်သူ့အုပ်ချုပ်မှုစနစ်ဖြင့် အစားထိုး ကျင့်သုံးရန် ချင်းတစ်မျိုးသားလုံးက မိမိတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအသုံးပြု၍ ရွေးချယ် ဆုံးဖြတ်ခဲ့ကြ သည့် သမိုင်းဝင်ကြိုးပမ်းအားထုတ်ခဲ့မှုများကို ဖော်ညွန်းသည့်နေ့ရက်ဖြစ်သည်။ ချင်းတောင်တန်းဒေသသည် ကချင်တောင်တန်းဒေသ၊ ဖက်ဒရယ်ရှမ်းပြည် (Federated Shan States)၊ ဗမာပြည်မ (Ministerial Burma) တို့နှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဖွဲ့ဝင်ပြည်ထောင်တစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် ချင်းပြည်နှင့်ချင်းလူမျိုး များသည် ပြည်ထောင်စုမြန်မာနိုင်ငံကိုတည်ထောင်ဘက် ပြည်ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်ပေသည်။ ချင်း လူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုအရေး ကျရာကဏ္ဍမှတာဝန်ကျေပွန်ခဲ့ကြသူများဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ထပ်မံအာဏာသိမ်းယူရန် ကြိုးစားခဲ့သည်။ စစ်ကောင်စီသည် အာဏာသိမ်းယူမှုကို အကြမ်းမဖက် ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားများစွာ အပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ်ကို ဖျက်ဆီးခြင်း၊ အလွန်အကျွံစစ်အင်အားဖြင့် ထိုးစစ်ဆင်ခြင်းနှင့် ပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းအစရှိသည်တို့ကို နေ့စဉ်ရက်ဆက် ကျုးလွန်လျက်ရှိပြီး ချင်းလူမျိုးများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်။ စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို ဆင်နွဲနေကြသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အသီးသီး၏ ထူးချွန်ပြောင်မြောက်စွာ စွန့်လွတ်စွန့်စား တိုက်ပွဲ ဝင်နေမှုများကိုအထူးလေးစားဂုဏ်ပြုပါကြောင်းနှင့် ၎င်းတို့အတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလှူဒါန်း ပေးနေကြသော ပြည်တွင်းနှင့်နိုင်ငံတကာရှိ ချင်းလူမျိုးများ၊ ချင်းအဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်။ ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့မှစ၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်း အမျိုးသားလွတ်မြောက်ရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး အတွက် ချင်းအမျိုးသမီး၊ အမျိုးသားများ၏ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်ပြည့်စုံစွာပြီးမြောက် အောင်မြင်နိုင် ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-02-20

Date of entry: 

2022-02-20

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

371.2 KB

Resource Type: 

text

Text quality: 

    • Good