ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ကျရောက်သည့် ချင်းအမျိုးသားတပ်ဦး (Chin National Front) ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ် မြောက်နေ့ထူးနေ့မြတ်အချိန်အခါသာမယတွင် ချင်းအမျိုးသားတပ်ဦးမှ ရဲဘော်၊ ရဲဘက်များအားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်သည့်နေ့သည် စစ်အာဏာရှင် စနစ်ပပျောက်ရေး၊ ချင်းအမျိုးသားလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုဆိုင်ရာ ချင်းတော်လှန်ရေး၏ အမှတ်သညာနေ့ရက်လည်းဖြစ်ပေသည်။
၂။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ချင်းတောင်တန်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ ပြည်ထောင်စုအဖွဲ့ဝင် ချင်းဝိသေသ တိုင်းအဖြစ် ပါဝင်လာခဲ့သည်။ သို့ရာတွင် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်း၊ ၁၉၆၂ ခုနှစ် တွင် နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းပိုက်ရယူလိုက်ခြင်းနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို တပ်မတော်မှ ငြင်းပယ်လိုက်ခြင်းစသည်တို့ကြောင့် ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးရည်မှန်းချက်သည်လည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
၃။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်ကနိုင်ငံတော်အာဏာကို ထပ်မံလုယူလိုက်သည်သာမက အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို လုယူဖျက် ဆီးခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းစသည်တို့ကိုပြုလုပ်လျက်ရှိရာ ချင်းအမျိုးသားတပ်ဦးသည် ပြည်သူ နှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကိုတွေ့ရှိရ၍ တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင်ဂုဏ်ယူလျက်ရှိကြောင်း ဖော်ပြလိုသည်။
၄။ ဤ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦးအား ခေါင်းဆောင်မှု
ပေးခဲ့ကြသည့် အဆက်ဆက် သောခေါင်းဆောင်များနှင့်တကွ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦး၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်းအမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-03-20
Date of entry:
2022-03-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
340.63 KB
Resource Type:
text
Text quality:
- Good