ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၁) ရက်) သည် မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခြင်း (၇၅) နှစ် ပြည့်မြောက်သော နေ့ဖြစ်ပါသည်။
၂။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် မွန်၊ ရခိုင် နှင့် ကရင် စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာသီးခြားပြည်နယ်များ သတ်မှတ်ဖော်ထုတ်ပေးရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အတွက် “ခေတ်သစ်မွန်လက်နက်ကိုင်တပ်” ကို နိုင်ပန်းသာ၊ နိုင်မောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ်လူငယ် (၂၇) ဦး တို့က ဦးဆောင်ပြီး ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ “မွန်လက်နက်ကိုင် တော်လှန်ရေး” ကို စတင်ခဲ့ကြသည့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ နံနက် (၆:၃၀) နာရီ ကို ဂုဏ်ပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း အုပ်ချုပ်သူဗဟိုအစိုးရအဆက်ဆက်က တိုင်းရင်းသားလူမျိုးတို့၏ ရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကတိကဝတ် တောင်းဆိုချက်များအပေါ်တွင် လျစ်လျူရှုကာ လက်နက်အားကိုးဖြင့် ဖြေရှင်းသည့်ယဉ်ကျေးမှု အမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော် ပြီဖြစ်သည်။
၄။ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီမှ မတရားအာဏာသိမ်းရန် ကြိုးပမ်းခြင်းသည် နိုင်ငံရေးတွင် စစ်တပ်မှ ထာဝရဝင်ရောက်စွက်ဖက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက လိုလားသော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဥပေက္ခာပြု ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မွန်ပြည်သူများနှင့် တိုင်းရင်းသားလူမျိုးအားလုံးမှ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း ယနေ့ကျရောက်သည့် မွန်တော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်ပါသည်။
၅။ ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မွန်တော်လှန်ရေးအတွက် ကျဆုံးလေပြီးသော မွန်အမျိုးသားအပေါင်းကို သတိရအောက်မေ့ပါကြောင်းနှင့် မွန်လူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-08-11
Date of entry:
2022-08-12
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
375.14 KB
Resource Type:
text
Text quality:
- Good