အမျိုးသားညီညွတ်ရေးအစိုးရက (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့သည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ကရင်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်ပါသည်။ ဤနေ့ရက်အချိန်အခါသည် ကရင်လူမျိုးတို့၏ သမိုင်းနှင့် ကရင်တော်လှန်ရေး သမိုင်းတွင် မေ့ပျောက်၍မရသော အောက်မေ့ဖွယ်နေ့ရက်ဖြစ်ပါသည်။ ၂။ ဥက္ကဌစောဘဦးကြီးမှ ချမှတ်ခဲ့သည့် လမ်းညွှန်မူ (၄) ချက်ကို မဆုတ်မနစ်ကိုင်စွဲပြီး ကရင်အမျိုးသား တော်လှန်ရေးအတွက် သာမက လွန်လေပြီးသော နှစ်ပေါင်း (၇၀) ကျော်မှစ၍ မျက်မှောက်ခေတ် နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်လျက်ရှိသည့် KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူပါသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တခဲ့သော ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သန္နိဌာန်ချထားသည့် အစိုးရဖြစ်ပါသည်။ ၄။ ယနေ့တွင်ကျရောက်သော (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကရင်တစ်မျိုးသားလုံးနှင့်ထပ်တူ ကရင်အာဇာနည်အပေါင်းကို အောက်မေ့ အမှတ်ရပါသည်။ ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်ကာ ကရင်လူမျိုး များနှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤသဝဏ်လွှာကို ပေးပို့ အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-08-12

Date of entry: 

2022-08-12

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

298.31 KB

Resource Type: 

text

Text quality: 

    • Good