ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့သည် ကရင်အမျိုးသားတရပ်လုံး လေးစားတန်ဖိုးထား ဂုဏ်ယူရသည့် (၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့ဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ကရင်အမျိုးသားပြည်သူ တရပ်လုံး ဘေးကင်းရန်ကွာရှိကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။။
၂။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်ခဲ့သော ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးသည် အဖိနှိပ်ခံပြည်သူလူထုနှင့်တကွ ရပ်တည်ပြီး အာဏာရှင်စနစ်ကို တွန်းလှန် ဖြိုဖျက်လာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
၃။ ၁၉၅၆ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ကရင့်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်နှင့်ကိုက်ညီသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army) ကို အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို အစွဲပြု၍ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြု ကျင်းပခဲ့သည်။
၄။ ကရင့်အမျိုးသားတော်လှန်ရေးခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ် စွန့်လွှတ် ပေးလှူခဲ့ကြသော ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများ၊ သူရဲကောင်းများနှင့်တကွ ပြည်သူများအားလုံးကို အလေးအနက် အောက်မေ့ဦးညွှတ်အပ်ပါသည်။
၅။ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်သည် အဖိနှိပ်ခံ တော်လှန်ပြည်သူများနှင့် ရပ်တည်လျက် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်မှ ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် အောင်မြင်စေရန် နည်းနာပေါင်းစုံဖြင့် ပါဝင်ပံ့ပိုးကူညီလျက်ရှိသည်။
၆။ ယနေ့အချိန် အုပ်ချုပ်ရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ စိတ်ဓာတ်ရေးရာ စသည့် မျက်နှာစာ အများအပြားတွင် ကြီးမားသော ထိခိုက် ဆုံးရှုံးမှုများနှင့် အကြပ်တွေ့လျက်ရှိသည့် အကြမ်းဖက် စစ်တပ်အား အမြစ်ပြတ်သည်အထိ ခုခံတွန်းလှန်ပြီး ပြည်သူလူထုတရပ်လုံး၏ မျှော်မှန်းချက် ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှု အပြည့်အဝ အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်း တည်ဆောက်နိုင်လိမ့်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ)တပ်မတော်သည် ကရင်အမျိုးသား တရပ်လုံး၏ အကျိုးစီးပွားကို မြင့်တင်ပေး နိုင်သော၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်သော တပ်မတော်ကောင်း တရပ်အဖြစ် ဆက်လက်ရပ်တည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့သို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-07-05
Date of entry:
2023-07-05
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
325.18 KB
Resource Type:
text
Text quality:
- Good