အမျိုးသားညီညွတ်ရေးအစိုးရက (၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၃၁ ရက်) သည် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် လက်နက်ကိုင်တိုက်ပွဲ ဝင်ခဲ့သော မွန်အမျိုးသားတို့၏ (၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ၂။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်တွင် မွန်တိုင်းရင်းသားများနေထိုင်ရာ သီးခြားပြည်နယ် သတ်မှတ်ဖော်ထုတ်ပေးရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး စသော ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် ဇာသပြင်ကျေးရွာတွင် မွန်မျိုးချစ်လူငယ် (၂၇) ဦးမှ ဦးဆောင်၍ "ခေတ်သစ်မွန်လက်နက်ကိုင်တပ်"ကို စတင်တည်ထောင်ခဲ့သည့် အချိန်ဖြစ် - မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ နံနက် (၀၆:၃၀)အချိန်အား " မွန်တော် လှန်ရေးနေ့" အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါသည်။ ၃။လွတ်လပ်ရေးအပြီး ခေတ်အဆက်ဆက် ဗိုလ်ကျအုပ်ချုပ်ခဲ့ကြသူများအား ခေါင်းငုံ့မခံ ဘဲ ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် မျိုးဆက် အဆက်ဆက် မဆုတ်မနစ် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့၏ သမိုင်းမှာ ဂုဏ်ယူ ဖွယ်ကောင်းလှပါသည်။ ၄။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မင်းအောင်လှိုင် ဦးဆောင် သည့် အကြမ်းဖက်စစ်တပ်က အာဏာလုယူယူရန်ကြိုးစားမှုသည် မွန်လူမျိုးများအပါအဝင်တိုင်းရင်းသားအားလုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် ရေးကို ပေါ်ပေါ်ထင်ထင် နှောင့်ယှက်ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဤမတရားမှုကြီး အား လက်သင့်မခံဘဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နိုင်ငံအနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်နေကြသည့် နွေဦးတော်လှန်ရေးကြီးတွင် မွန်လူမျိုးများအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်နေကြသည်ကို လေးစားဖွယ် တွေ့မြင်ရပါသည်။ ၅။ သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော (၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် ကျဆုံး လေပြီးသော မွန်အာဇာနည်ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက် ပေးလှူသွားကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့၏ တော်လှန်သစ္စာကို အောက်မေ့သတိ ရရင်း အကြမ်းဖက်စစ်အာဏာရှင် အမြန်ဆုံးပြုတ်ကျစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ် ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မွန်အမျိုး သားများအပါအဝင် တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းကာ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝအောင်မြင်အောင် လက်တွဲဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း လေးနက်စွာ ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2023-08-31

Date of entry: 

2023-08-31

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

250.63 KB

Resource Type: 

text

Text quality: 

    • Good