၂၀၂၂ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၏ ထုတ်ပြန်ချက်

Description: 

"၁။ နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားများ ကို ဒီမိုကရေစီစည်းမျဉ်းစည်းကမ်းများ လိုက်နာကျင့်သုံးနေမှုအား တိုးမြှင့်ထိန်းသိမ်းကြရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝှမ်းက ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ကျင်းပလျက်ရှိ ပါသည်။ ထို့အပြင် ယနေ့သည် နိုင်ငံတကာပါလီမန်များအဖွဲ့က ဒီမိုကရေစီကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်မှာလည်း (၂၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်း၌ ကမ္ဘာ့ကပ် ရောဂါအပါအဝင် လက်နက်နှင့် အာဏာ အလွဲသုံးမှုများကြောင့် လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ စုဝေးခွင့်၊ သတင်းရယူပိုင်ခွင့်၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး စသည့် ဒီမိုကရေစီစံနှုန်းများကို သိသိသာသာ ထိခိုက်လျက်ရှိပါသည်။ ၂။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေးအတွက် မြန်မာပြည်သူများက နှစ်ပေါင်းများစွာ အသက်ပေး၍ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်အာဏာရှင် အဆက်ဆက်ကြောင့် ဒီမိုကရေစီစံနှုန်းများကို ခံစားပိုင်ခွင့်မရှိခဲ့ပေ။ ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာပြည်သူတို့၏ ဝိုင်းဝန်းကြိုးပမ်းမှုများကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် ပထမဆုံး အရပ်သားအစိုးရကို ၂၀၁၅ ခုနှစ်တွင် ရွေးကောက် တင်မြှောက်နိုင်ခဲ့ကြသော်လည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းခဲ့မှု ကြောင့် ကြိုးပမ်းတည်ဆောက်ထားခဲ့သည့် ဒီမိုကရေစီ အသီးအပွင့်များသည်လည်း ကာလတို အတွင်း ပျက်စီးသွားခဲ့ပြီး ဖြစ်ပါသည်။ ၃။ မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာပြည်သူများ သည် ဥပဒေမဲ့ဖမ်းဆီးထောင်ချခံရခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး စေရန် ဖိအားပေးခံရခြင်းတို့အပါအဝင် ဖိနှိပ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အသက်ပေး၍ တွန်းလှန်ဆန့်ကျင်လျက်ရှိ ပါသည်။ ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူ (၂,၂၇၃) ဦးအား သတ်ဖြတ် ထားပြီး (၁၅,၅၀၆) ဦးကိုလည်း ဖမ်းဆီးထားသည့်အပြင် လူနေအိမ်များနှင့် ကျေးရွာများအား မီးရှို့ ဖျက်ဆီးနေခြင်း၊ အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသမများသို့ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းတို့ကြောင့် ပြည်သူထောင်ပေါင်းများစွာသည်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိပါသည်။ ၄။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကမ္ဘာတစ်ဝှမ်း၌ ဒီမိုကရေစီ ရှင်သန်ထွန်းကား စေရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား လက်တွေ့ကျစွာ အားပေးကူညီ၍ အာဏာရှင်များကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားရမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ဆိုးရွားစွာ ခံစားနေရသည့် မြန်မာပြည်သူများ၊ မြန်မာပြည်သူ များက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူကိုယ်စားပြု ဒီမိုကရက်တစ် အဖွဲ့အစည်း များ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များနှင့် အတူတကွ ရပ်တည် ကြောင်းပြသရန် စကားလုံးဖြင့် မဟုတ်ဘဲ ထိရောက်သော လုပ်ဆောင်ချက်များဖြင့် အားပေး ထောက်ခံရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။ ၅။ တစ်ဖက်တွင်လည်း ဒီမိုကရေစီအယောင်ပြ၍ တရားဝင်အစိုးရမဟုတ်သည့် အကြမ်း ဖက်အဖွဲ့အစည်း စစ်တပ်သည် တရားမျှတ၍ လွတ်လပ်သော ပွင့်လင်းမြင်သာမှုရှိသည့် ရွေး ကောက်ပွဲ ကျင်းပပေးမည်ဆိုသည်မှာ နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားရန် ကြိုးပမ်းမှု သက်သက်သာဖြစ်ပါသည်။ လွတ်လပ်စွာမဲပေးပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ပိုင်ခွင့်တို့သည်လည်း လုံးဝရှိမည် မဟုတ်ပါ။ သမိုင်းအထောက်အထားများအရ တရားဥပဒေကို လိုသလိုအသုံးချတတ်သည့် စစ်အာဏာရှင်တို့သည် ဒီမိုကရေစီစနစ်အား ဖျက်ဆီးရန် ကြိုးပမ်းကြသူများဖြစ်ပြီး ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို လူမဆန်စွာ သတ်ဖြတ်နေကြသူများဖြစ်သည်ကို အထူးသတိပြု၍ ယင်းရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှု ကို တားဆီးကန့်ကွက်သွားကြရမည် ဖြစ်ပါသည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူလူထုက ဆန္ဒမဲပေး၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင် ပြည်သူကိုယ်စားပြုအဖွဲ့အစည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ ဆန္ဒသဘောထားအရ ပေးအပ်ထားသည့် အခွင့်အာဏာဖြင့် ဥပဒေပြုရေး အပါအဝင် အစိုးရအား ထိန်းကျောင်းခြင်း၊ ပြည်သူလူထု၏ အခက်အခဲများအား ထောက်ပံ့ကူညီခြင်းများကို ဆောင်ရွက် နေသည့် ပြည်ထောင်စုအဆင့် ဥပဒေပြုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ ၇။ သို့ပါ၍ အန္တရာယ်အတွင်း ကျရောက်နေသည့် မြန်မာ့ဒီမိုကရေစီအား အချိန်မီ ကာကွယ်တားဆီးနိုင်ရန် မြန်မာပြည်သူတို့၏ အသံကို လေးနက်စွာ နားထောင်၍ ပြည်သူ ကိုယ်စားပြု မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ မိမိတို့က ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား တရားဝင် အသိအမှတ်ပြုကာ ထိရောက် သော ကူညီပံ့ပိုးမှုများ အချိန်မီ ပေးအပ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံ တကာအစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။ ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-09-15

Date of entry: 

2022-09-15

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

472.91 KB

Resource Type: 

text

Text quality: 

    • Good