(၃၄) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ မြန်မာနိုင်ငံ၌ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတသည့် လူမှု ဘဝများ ရရှိနိုင်ရန်အတွက် စစ်အာဏာရှင်တို့၏ စနစ်ဆိုးနှင့် မတရားဖိနှိပ်မှုများကို နိုင်ငံ တစ်ဝှမ်းလုံး၌ လူထုလှုပ်ရှားမှုကြီးဖြင့် ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် ၈၈၈၈ အရေးတော်ပုံကြီး သည် ယနေ့ဆိုလျှင် (၃၄) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ ယင်းအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံ၌ တစ်ပါတီအာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး စတင်ခဲ့သည့် ပထမဆုံးသော သမိုင်းဝင် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးပင် ဖြစ်ပါသည်။ ၂။ ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်အုပ်စုတို့သည် အာဏာဆုပ်ကိုင်နိုင်ရေးနှင့် လက်နက် အားကိုးဖြင့် ပြည်သူလူထုအား ခြိမ်းခြောက်သတ်ဖြတ်ကာ အနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်၍ အာဏာရှင် အဆက်ဆက်က စနစ်တကျ ချုပ်ကိုင်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထု တစ်ရပ်လုံးက နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည့် သမိုင်းဝင်နေ့စွဲများထဲတွင် အထင်အရှား အသက်ဝင်လျက်ရှိနေဆဲပင် ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်မှ စတင်ခဲ့သည့် တော်လှန်ရေး ခရီးသည် ခက်ခဲကြမ်းတမ်းမှုများ မည်သို့ရှိနေစေကာမူ မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုင်းပြည်နှင့် လူမျိုးအနာဂတ်အတွက် ရဲဝံ့စွာ လျှောက်လှမ်းနေကြသည့်အတွက် တော်လှန်ရေး ရဲဘော်တို့၏ စိတ်ဓာတ်နှင့် ရဲရင့်မှုများအပေါ် များစွာ လေးစားဂုဏ်ပြုအပ်ပါသည်။ ၃။ ယခုနွေဦးတော်လှန်ရေးသည် ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုတို့၏ စိတ်ဓာတ် ခိုင်မာမှု၊ ရဲရင့်ပြတ်သားမှု၊ ဥာဏ်ပညာနှင့် ထိုးထွင်းဖန်တီးနိုင်မှုတို့ကြောင့်သာ ခိုင်မာသော စုဖွဲ့မှုများနှင့် နိုင်ငံတစ်ဝှမ်းတွင် အားကောင်းသော ဆန့်ကျင်တွန်းလှန်မှုများသည် ယနေ့ထိတိုင် အားကောင်းနေဆဲ ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက စည်းလုံး ညီညွတ်စွာရှိနေသည့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲနိုင်ရေး၊ ညီညွတ်မှုပျက်ပြား ရေးတို့ကို ကြိုးပမ်းလျက်ရှိသည့်အပြင် အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ အရပ်သားအစိုးရ ထံ အာဏာပြန် လွှဲပေးမည်ဟုဆိုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအား လိမ်လည်လှည့်စားရန် ကြိုးပမ်းလျက်ရှိပါသည်။ ၄။ ဤသည်မှာ စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးခဲ့သည့် အလိမ်အညာ နိုင်ငံရေး လှည့်ကွက်တစ်ခုသာ ဖြစ်သဖြင့် နိုင်ငံရေးပါတီများသည်လည်း စစ်အာဏာရှင်သက်ဆိုးရှည်စေ ရန် ဖန်တီးထားသည့် နိုင်ငံရေးကစားကွက်ထဲသို့ ဝင်ရောက်ခြင်းမပြုဘဲ တိုင်းပြည်၏ အနာဂတ်၊ ပြည်သူလူထု၏ ဆန္ဒနှင့် အကျိုးစီးပွားကို ရှေးရှုကြရန် သတိပေးမေတ္တာရပ်ခံလိုပါသည်။ ပြည်သူ လူထုအနေဖြင့်လည်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခ) ကိုဂျင်မီ အပါအဝင် ပြည်သူ ထောင်ပေါင်းများစွာအား ဥပဒေမဲ့ ဖမ်းဆီးကာ သတ်ဖြတ်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ ၏ ရွေးကောက်ပွဲသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက်သာ ဖြစ်သည်ကို အထူးသတိပြုစေလိုပါသည်။ ၅။ ၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ထိတိုင် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့် အရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသက်ပေးတိုက်ပွဲဝင်သွားကြသည့် သူရဲ ကောင်းများ၏ ကြိုးပမ်းခဲ့မှုများကို အလေးအနက် တန်ဖိုးထား၍ စည်းလုံးညီညွတ်စွာဖြင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တာဝန်ကိုယ်စီထမ်းကာ ဆက်လက် လျှောက်လှမ်းသွားကြရမည် ဖြစ်ပါသည်။ အနာဂတ်တွင် တိုင်းပြည်နှင့် လူမျိုးတို့ အတွက် အေးချမ်းဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစီ အသိုက်အဝန်းတစ်ရပ် တည် ဆောက်နိုင်ရန် ယနေ့နွေဦးတော်လှန်ရေးသည် ခေတ်အဆက်ဆက် တိုင်းပြည်ကို ဖျက်ဆီးခဲ့ သည့် စစ်အာဏာရှင်များကို အမြစ်ပြတ် တိုက်ထုတ်ရမည့် နောက်ဆုံးတိုက်ပွဲပင် ဖြစ်ပါသည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ခေတ်အဆက်ဆက် စစ်အာ ဏာရှင်များကို ဆန့်ကျင်တော်လှန်ရင်း အသက်ပေးသွားခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်း များကို အစဉ်ထာဝရ ဦးညွှတ်အလေးပြုလျက် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ အမြန်ဆုံး ကျဆုံးရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်များ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ ခိုင်မာစွာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု လေးနက်စွာ ကတိပြုရင်း ဤအောက်မေ့ဖွယ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-08-08

Date of entry: 

2022-08-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

405.1 KB

Resource Type: 

text

Text quality: 

    • Good