(၅၉) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့သည် တအာင်းတိုင်းရင်းသားများက စစ်အာဏာ ရှင်စနစ်ဆိုးကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည့် (၅၉) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေး နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ဤနေ့မှစကာ တအာင်းတိုင်းရင်းသားများ နှင့်တကွ ပြည်သူလူထုတစ်ရပ် လုံး၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို အမြန်ဆုံးရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ တအာင်းအမျိုးသားတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ကို အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့အတွက် ၁၉၆၃ ခုနှစ် မှစတင်ကာ ယနေ့အချိန်ထိ အသက်၊ သွေး၊ ချွေးတို့ကို အရင်းတည်၍ လျှောက်လှမ်းလျက်ရှိသော တော်လှန်ရေးခရီးကြမ်းတွင် တအာင်းတိုင်းရင်းသားအပေါင်းတို့၏ ညီညွတ်မှုအင်အားနှင့် တော်လှန်ရေး စိတ်ဓာတ်သည် အလွန်လေးစားဖွယ်ဖြစ်ပါကြောင်း ဦးစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ၃။ မြန်မာနိုင်ငံကို တစ်ခုတည်းသော အချုပ်အခြာအာဏာပိုင်စိုးသည့် အုပ်ချုပ်မှုစနစ်ပုံစံရရှိရေး ပုံဖော်လာခဲ့ကြသည့် စစ်အာဏာရှင်များ၏ အနိုင်ကျင့်ဖိနှိပ်ခဲ့မှုများ၊ တရားမျှတမှု မရှိသည့် နိုင်ငံရေး မူဝါဒများကြောင့် တအာင်းတိုင်းရင်းသားများသည် စစ်ဘေးစစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ ကြရသော်လည်း လူထု၏ ထောက်ခံမှု၊ တအာင်းတိုင်းရင်းသားတို့၏ ပေးဆပ်မှု၊ စည်းလုံးညီညွတ်မှု အင်အားတို့ကို အရင်းခံလျက် ယခုအချိန်ထိ တအာင်းတော်လှန်ရေးအလံသည် တပ်ဦးတွင် လွှင့်ထူနိုင် ဆဲဖြစ်ပါသည်။ ၄။ COVID-19 ကပ်ရောဂါ ကျရောက်နေသည့် ယခုလိုကာလမျိုး၌ တိုင်းရင်းသားပြည်သူ များကို မငဲ့ဘဲ ကိုယ်ကျိုးသပ်သပ်အတွက် နိုင်ငံတော်အာဏာကို မတရား လုယူသွားကာ လူထုကို ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်၍ တော် လှန်ကြသည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တအာင်းတိုင်းရင်းသားတို့၏ ကူညီပံ့ပိုးမှုများနှင့် ပါဝင် ကြိုးပမ်းမှုများသည် အလွန်ပင်တန်ဖိုးကြီးမားသည့် အင်အားစုဖြစ်သည်ကို တိုင်းရင်းသားပြည်သူ အားလုံးကိုယ်စား လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ၅။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူ များအားလုံးတို့၏ ညီညွတ်လှစွာသော စုပေါင်းအင်အားကို အခြေတည်လျက် မြန်မာ့နွေဦး တော်လှန် ရေး၏ ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ဆိုး အကြွင်းမဲ့ ပျက်သုဉ်းရေးနှင့် တိုင်းရင်းသား ပြည်သူများအားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သွားနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသား အားလုံးနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း ကတိပြုလျက် ဤ တအာင်းအမျိုးသားတော်လှန်ရေး (၅၉) နှစ်ပြည့် သဝဏ်လွှာ အား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-01-12

Date of entry: 

2022-01-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

288.09 KB

Resource Type: 

text

Text quality: 

    • Good