(၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ (ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင် လပြည့်နေ့) တွင်ကျရောက်သည့် (၇၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့အခါသမယတွင် မွန်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ ကပ်ကြီး ၃ ပါးကျော်လွှားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၂။ ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်တွင် မွန်တိုင်းရင်းသားတို့သည် မိမိတို့ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ တန်းတူအခွင့်အရေး၊ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုအာမခံသည့် ခိုင်မာသော ဖက်ဒရယ်နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ရာတွင် မွန်တော်လှန်ရေးခေါင်းဆောင်များ ဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းဦးဆောင်သော မွန်မျိုးချစ်လူငယ် (၂၇) ဦးတို့က ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ (၁၉-၈-၁၉၄၈) ရက်နေ့၊ နံနက် (၆း၃၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှ စတင်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ကျင်းပခဲ့ကြ သည်မှာ ယနေ့တွင် (၇၅) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၃။ မိမိတို့နိုင်ငံကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရအောင်ကြိုးပမ်း စဉ်ကလည်း မွန်တိုင်းရင်းသားများက ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြပါသည်။ ယခုနွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ်အာဏာ ရှင်တို့က ပြည်သူလူထုအားတရားဥပဒေမဲ့သတ်ဖြတ်ကာ အာဏာလုယူနိုင်ရေးကြိုးပမ်းမှုအား ညီနောင်ပြည်ထောင်စုတိုင်းရင်းသားများနှင့် မွန်တိုင်းရင်းသားများကလည်း ရဲဝင့်စွာလက်တွဲ ကြိုးပမ်းဆောင်ရွက်နေကြသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ၄။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးသည် မိမိတို့၏နိုင်ငံရေး ဘုံရည်မှန်းချက်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ပြည့်ဝသည့် ပြည်ထောင်စုကြီးကိုကြိုးပမ်းတည်ဆောက်သွားရန် မိမိတို့အားလုံးက ညီညွတ်စွာ အကောင်အထည်ဖော်သွားရမည်ဖြစ်ပါသည်။ လက်ရှိတော်လှန်ရေး အောင်မြင်ရေး၊ ကြားကာလတည်ဆောက်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတို့တွင် မိမိတို့တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုအားလုံးက မတူကွဲပြားသည့်သဘောထား အမြင်များကိုပေါင်းစည်းကာ သာလွန်အင်အားအဖြစ် ပေါင်းစည်းဆောင်ရွက်သွားကြရန် အထူး အရေးကြီးပါသည်။ ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအားပေးပို့ အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-08-11

Date of entry: 

2022-08-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

286.6 KB

Resource Type: 

text

Text quality: 

    • Good